၁၄-၂

18.4K 2.8K 153
                                    

[Unicode]

လုရှန်း၏ လက်ရှိကျန်းမာရေးအခြေအနေနှင့် ဆောက်လုပ်ရေးခွင်ကို လူကိုယ်တိုင်သွားရောက်လေ့လာရန် မဖြစ်နိုင်ပေ။ ဦးလေးယွမ့်က ဤအခြေအနေကိုကောင်းစွာခန့်မှန်းမိ၍ ဆောက်လုပ်ရေးခွင်၏ နမူနာပုံစံငယ်နှင့် ဗီဒီယိုများကို ကြိုတင်ပြင်ဆင်ပေးထားသည်။ လုရှန်းက အားလုံးကို ဟိုတယ်အခန်းမှာပင်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်ညွှန်ကြားချက်များကိုပေးသည်။

ဤမြေနေရာ၌ မူလအစီအစဉ်မှာ "ရွှေသောင်ပြင်" အမည်ရ အိမ်ယာစီမံကိန်းဖြစ်သည်။ အဆိုပြုချက်နမူနာကြမ်းပြောင်းလဲသွားသော်လည်း နာမည်ကိုတော့ မပြောင်းလဲစေဘဲ အရင်အတိုင်း ဆက်ထားသည်။ ဒီဆောက်လုပ်ရေးပရောဂျက်တွက် တာဝန်ရှိသူမှာ *လျှို့ရှင်းမင်ဖြစ်သည်။ သူသည် အရပ်အတော်အသင့်မြင့်ပြီး အသားခပ်ညိုညို မျက်လုံးခပ်နက်နက်ရှိသည်။ နှာထိပ်ကအတော်ကျယ်ပြန့်ပြီး ထိုင်းလူမျိုးပုံစံနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ သူသည်လုပ်ရည်ကိုင်ရည်ပြည့်ဝသည်။ စေ့စပ်သေချာသည်။ လုရှန်းကြည့်နေသည့် အဆောက်အဦနမူနာသည်လည်း သူ၏အဖွဲ့က တာဝန်ယူထားခြင်းဖြစ်သည်။ အသေးစိတ်ကအစသေချာပြင်ဆင်ပေးထားပြီး ကြည့်ရတာအတော်အဆင်ပြေသည်။

(T/N: *လျှို့ရှင်းထျန်နဲ့ အမျိုးမတော်ပါဘူး)

ညရောက်တော့ လုရှန်းသည် လျို့ရှင်းမင်အားထမင်းစားဖိတ်သည်။ အခန်းထဲမှာ စားပွုအကြီးအကျယ်ဖြင့်ဧည့်ခံပြီး ဆောက်လုပ်ရေးလုပ်ငန်းစဉ်အကြောင်း ပြောကြသည်။ လုရှန်းသည် သူ့အရှေ့မှ ထိုလူကို လေးစားသည်။  သူဆယ်ကျော်သက်အရွယ်ကတည်းက သူဖခင်လက်အောက်မှာ အလုပ်လုပ်သော လျှို့ရှင်းမင်ကို သတိရမိသည်။ အဲ့ဒီတုန်းကတော့ ရာထူးမရှိသေးသည့်ဝန်ထမ်းတစ်ယောက်သာဖြစ်ပြီး ဒီနေရာအထိရောက်ဖို့ သူ့အရည်အချင်းနှင့်ကြိုးစားလာသူဖြစ်သည်။

တစ်နေကုန်ဘာမှမလုပ်ဘဲ ရုံးခန်းထဲထိုင်နေသည့် လူဘော်ကြော့များနှင့်ယှဉ်လျှင် လျို့ရှင်းမင်က များစွာသန်မာသည်။ ကံကောင်းစွာနှင့် ယခုပရောဂျက်က သူ၏လက်ထဲမှာ နှစ်အတော်ကြာရှိနေသည်။ အာဏာပိုင်များက မြေကိုပြန်လည်ရယူဖို့ကြိုးစားစဉ်ကလည်း လျို့ရှင်းမင်က တားဆီးထားသည်။ လုရှန်းက ယန့်ခယ်ထံမှအပိုရှယ်ယာ ၆% ရသည့်အခါ ဤဆောက်လုပ်ရေးကို ပြန်လည်စတင်ဖို့ အကြံပေးသူကလည်း လျို့ရှင်းမင်ပင်ဖြစ်သည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now