၄၇

12.6K 2K 70
                                    

[Unicode]လီဆွေ့က ထိုမေးခွန်းကို အစီအစဉ်မရှိ ရုတ်တရက်မေးချလိုက်သောအခါ ကျီရွေ့နှလုံးသားထဲ ဆစ်ခနဲခံစားလိုက်ရသည် လီဆွေဘာကိုမေးချင်သလဲ သူတကယ်သဘောပေါက်လိုက်သည်။ ကျီရွေ့က သူ့ကို နှစ်သိမ့်ပေးဖို့ကြိုးစား၏။

"ဆေးက မင်းရဲ့အာရုံကြောတွေကို လှုံ့ဆော်လိုက်လို့ ဒီတိုင်း ထင်ယောင်ထင်မှားတွေမြင်တာ ... အတည်မှတ်မနေနဲ့"

လီဆွေ့သည် လက်ဖမိုးနှင့် သူ့မျက်လုံးများကို အုပ်ထားရင်း ခေါင်းခါသည်။ သူမြင်လိုက်ရသည်မှာ သူမေ့နေသော ကလေးဘဝ၏မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းဆိုတာ သေချာသည်။ အဲ့ဒီနောက် ဘာဆက်ဖြစ်ခဲ့သလဲဆိုသည်ကိုပင် သေချာမှတ်မိလာသည်။ သူ့ကို ငါးဖမ်းသမားတစ်ဦးက ကယ်တင်ခဲ့ပြီး အကူအညီပေးသည့်စင်တာသို့ပို့ပေးသည်။ သူနိုးလာသော မျိုးရိုးနာမည်က လီ ဆိုသည်က လွဲ၍ ဘာမှသတိမရတော့ပေ။ ထိုစင်တာမှ တစ်စုံတစ်ယောက်က သူ့နောက်ကြောင်းကို စုံစမ်းကြည့်သော်လည်း ဘာသတင်းမှမရခဲ့။ မွေးစာရင်းပင် မရှိခဲ့သည့်နောက် မိဘမဲ့ဂေဟာသို့ ပို့လိုက်ကြသည်။ အဲ့ဒီနောက် ခေါ်ယူမွေးစားခံရသည်။ အဲ့ဒီနောက် လူကုန်ကူးခံရသည်။ နေရာမျိုးစုံကိုရောက်ရှိပြီးနောက်ဆုံးမှာတော့ လုရှန်းနှင့် တစ်ဖန်တွေ့ဆုံခဲ့လေသည်။

ကျီရွေ့က သူ့အတွက် ရေတစ်ခွက်ငှဲ့ပေးရင်း သူစိတ်တည်ငြိမ်လာသည်အထိ စိတ်ရှည်လက်ရှည်စောင့်နေသည်။ ခန္ဓာကိုယ်ထဲ ဆေးများကျန်မကျန် စစ်ဆေးရင်း သွေးပေ်က်ချိန်နှင့် တခြားလိုအပ်သည့်စစ်ဆေးမှုများကို ပြုလုပ်ပေးသည်။

"အန္တရာယ်ကင်းတဲ့ ဆေးပမာဏကို သိရပြီ   မင်းရော နေရထိုင်ရအဆင်ပြေရဲ့လား"

လီဆွေ့ကခေါင်းသာခါလိုက်သည်။ သူ့စိတ်ကကြည်လင်မနေဘဲ မှတ်ဉာဏ်တွေထဲမှာသာ နစ်မြုပ်နေသည်။

"သိပ်တွေးမနေနဲ့ ... တစ်ခုခုအားရှိတာစားပြီး နားလိုက်ဦး ... အားလုံးအဆင်ပြေသွားလိမ့်မယ်"

ကျီရွေ့က သူ့ကျောကို ပုတ်ပေးလိုက်၏။

"လွန်ခဲ့တဲ့ ၁၇ နှစ်ကကိစ္စတွေ ဒေါက်တာရော ဘယ်လောက်ထိ သိထားလဲ"

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now