၂၆- ၁

14.3K 2.3K 228
                                    

[Unicode]ကျောပိုးအိတ်များလည်းဆုံးရှုံးသွားပြီ။ လက်ထဲကျန်တာဆိုလို့ ဓားနှင့်လေသေနတ်ပဲရှိတော့သည်။ မြေပုံလည်းမရှိ ဓာတ်မီးလည်းမရှိ။ လမ်းရှာဖို့အတွက် သူတို့နှစ်ဦး၏ ဝေတေဝါးတားမှတ်ဉာဏ်သာကျန်တော့သည်။ မိုးကလည်းကောင်းနေဆဲမို့ နှစ်ယောက်လုံး စိုရွှုကာသနားစရာကောင်းနေတော့သည်။ ဒီအခြေအနေမှာပင် မနားရဲသေး။ သဘာဝကိုယုံစား၍မရ ... အန္တရာယ်က အချိန်မရွေးဖြစ်နိုင်သည်။

"ငါတို့ မီးကျည်ယူခဲ့ရမှာ"

ကျင်းရုံကနောင်တရမိသည်။ လီဆွေ့က အုံ့ဆိုင်းနေသောကောင်းကင်ကို ကြည့်လိုက်သည်။

"ဒီရာသီဥတုနဲ့ မီးကျည်ပစ်တောင် သူတို့ မြင်ရမှာမဟုတ်ဘူး"

မြေပြိုထားသဖြင့် လမ်းတွေကကြမ်းလာပြီး အလာတုန်းကနှင့် မြေအနေအထားခြင်းက တော်တော်လေး မတူတော့ပေ။ နှစ်ယောက်သားဆွေးနွေးသော်လည်း ဆုံးဖြတ်ချက်ချလို့မရ။

"ဒီလမ်းကို ငါမှတ်မိတယ် ... သစ်ပင်တစ်ပင်ရှိတယ်လေ"

"လာမယ်လမ်းဆုံးမှာလည်းရှိတာပဲ ဒီအပင်မဟုတ်ဘူး"

"မဟုတ်ဘူး ဒီသစ်ပင် ... ဒီလိမ်ကောင်နေတဲ့အပင် ... ငါမှတ်မိတာပေါ့"

ကျင်းရုံက ပြန်ပြောသည်။ လီဆွေ့လည်း သေချာမသိတော့တာနဲ့ ဓားထုတ်ကာသစ်ပင်မှာ အမှတ်မှတ်လိုက်သည်။ ပြီးတော့ ကျင်းရုံကိုပြော၏။

"မင်းမှတ်မိတဲ့အတိုင်း အရင်သွားကြမယ် ... မဟုတ်ဘူးထင်ရင် ဒီကို ချက်ချင်း ပြန်လှည့်လာမယ်"

သို့သော်လည်း သစ်ပင်အားလုံးက ဆင်တူဖြစ်နေသည်ကတစ်ကြောင်း မှောင်ပိတ်နေသည်ကတစ်ကြောင်း ခရီးလုံးဝမတွင်ခဲ့ပေ။ စိတ်ထင်ရာဘက်သာ ဦးတည်သွားနိုင်ကြသည်။ ခဏလောက်လျှောက်အပြီးမှာတော့ မိုးစဲသွားလေ၏။ မြက်ရိုင်းတွေက ပိုထူထဲ၍ပိုရှည်လျားသည်။ ဒီလိုအခြေအနေနဲ့ ရှေ့ဆက်ဖို့က မဖြစ်နိုင်တော့။

လီဆွေ့က ရပ်လိုက်သည်။

"ငါတို့ဒီကို မရောက်ဖူးသေးဘူး"

ကျင်းရုံက နောက်ပြန်လှည့်ကြည့်၍ မေး၏။

"သေချာလို့လား"

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now