၃၄-၁

20.1K 2.5K 298
                                    

[Unicode]

ဆေးရုံသို့ပြန်လာသည့်တိုင် လီဆွေ့သည် တကယ်မဟုတ် အိပ်မက်မက်နေသယောင်ခံစားနေရဆဲ ...

လုရှန်းကတော့ နောက်ဆုံးမှာ စိတ်ဖြောင့်လက်ဖြောင့်နဲ့ စိတ်လျော့ချနိုင်ခဲ့သည်။ အပြန်လမ်းမှာ ခွန်အားတစ်စက်မှမကျန်တော့ဘဲ လီဆွေ့၏ပုခုံးပေါ်ခေါင်းမှီ၍ အိပ်လိုက်သည်။ လုရှန်းအဖျားမကျသေးမှန်း သူခံစားလိုက်မိတော့ စိတ်ပူသွားသည်။ အပြင်မှာ ဒီလောက်နှင်းကျနေသည့်ကြားမှ ဒီအထိရောက်အောင် လာခဲ့သည်။ ကျန်းမာသောလူတစ်ယောက်အတွက်ပင် ခံနိုင်ရန်မလွယ်ကူသောရာသီဥတုအခြေအနေကို သူ့လိုခွဲစိတ်ထားတာမကြာသေးသူက ဘယ်လိုများခံနိုင်ရည်ရှိပါ့မလဲ ...ဆေးရုံသို့ပြန်ရောက်သည့်အခါ လီဆွေ့က လုရှန်းကို အဝတ်များကူလဲပေးလိုက်သည်။ အင်္ကျီချွတ်ပေးလိုက်သည့်နောက်မှာ သူချန်ထားခဲ့သောအရာများက ကျန်နေသေးကြောင်းမြင်လိုက်ရသည်။ တချို့နေရာများကို ခပ်ပြင်းပြင်းကိုက်မိခဲ့သည်။ တချို့နေများမှာ အညိုမည်းများပင်ဖြစ်ကျန်ခဲ့သည်။ ယင်းတို့ကို ကြည့်ရင်း လီဆွေ့အလွန်အမင်းစိတ်ဓာတ်ကျသွားသည်။

လုရှန်းသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဟန်ပင် ...စိုးစဉ်းမျှ လှုပ်ရှားခြင်းပင်မရှိ။ လီဆွေ့က စောင်ခြုံပေးခဲ့ရင်း ကျီရွေ့ကိုရှာရန် အခန်းထဲကထွက်သွားသည်။

အဆောက်အဦတစ်ခုလုံးမှာ မည်သူမျှမရှိလုနီးပါးပင်။ စီမံဋ္ဌာနမှာတစ်ယောက်မှမရှိ။ အရေးပေါ်ဋ္ဌာန၌ တာဝန်ကျဆရာဝန်အနည်းငယ်သာရှိသည်။ ဒီတော့မှ နှစ်သစ်ကူးအကြိုညမှန်း လီဆွေ့သတိရမိသည်။ လူအများစုက အိမ်ပြနါ၍ မိသားစုကို အချိန်ပေးကြသည်။

တခြားဆရာဝန်များကို ခေါ်ရမှာအားနာသည့်အတွက် အတန်ငယ်စဉ်းစားပြီးသည့်နောက်မှာ ကျီရွေ့ကိုသာ ဖုန်းခေါ်လိုက်တော့သည်။ မီးကျည်မီးပန်းများက ဖုန်းတစ်ဖက်မှ ဆူညံစွာကြားနေ၏။ လီဆွေ့ပြောသမျှကို နားထောင်ပြီးသည့်နောက် ကျီရွေ့သက်ပြင်းချလိုက်သည်။

"ဘာမှမဖြစ်တော့ဘူး ... ဒီတိုင်းအိပ်ပါစေ ... မင်းမရှိတဲ့နှစ်ရက်လုံးလုံး သူ့ခမျာ မင်းထွက်သွားပြီထင်ပြီး တော်တော်စိတ်ဓာတ်ကျသွားတာ ...အဲ့ဒီတော့ ရောဂါက ပြန်သက်သာမလာတော့ဘူး ... အခုမင်းပြန်ရောက်ပြီဆိုတော့ သူလည်းစိတ်ချလက်ချအိပ်ရဲပြီပေါ့"

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now