၇-၁

22.6K 3.1K 74
                                    

[Unicode]ယန့်ခယ်နှင့် လုရှန်းတို့ စားသောက်နေရင်းနှင့် စကားပြောကြသည်။ "လုမိသားစုမှကလေး"သည် သူထင်ထားသည့်ပုံစံနှင့် တော်တော်လေးကွာခြားနေသည်ကို မြင်ရသည့်အခါ ယန့်ခယ်အံ့သြသွားရပြန်သည်။ ကလေးကဘဝက လုရှန်းနှင့် ယခုလုရှန်းကို ယှဉ်ကြည့်မိတော့ အရင်ကလုရှန်းလောက် ပျင်းစရာမကော်းတော့ဟု သူကောက်ချက်ချလိုက်သည်။ ယန့်ခယ်သည်ကောလဟာလများကို အလွန်ယုံစားမိဟန်တူသည်။ ကိုယ်တ်ုင်စကားပြောဆိုကြည့်မိမှ လုရှန်းအကြောင်းကို သေချာသိလာရသည်။

"တုံ့ယမ်းရဲ့ရှယ်ယာတွေကို မင်းကိုင်မှာဆိုတော့ ငါကတော့ စိတ်ချနေလို့ရပြီပေါ့ဗျာ ... အနည်းဆုံးတော့ ငါ့အဖေစိတ်မပျက်ရဘူးပေါ့ကွာ"

ယန့်ခယ်က လုရှန်းအတွက်ရော သူ့အတွက်ပါ ဝိုင်တစ်ခွက်စီငှဲ့ပေးလိုက်၏။

"မင်း ဘာမှပြောရာမလိုဘူး ... တစ်ခုခုဆို အကူအညီတောင်းလိုက် ... ငါကူညီပေးမယ်"

လုရှန်းက ဝိုင်ခွက်ကို ကျေးဇူးတင်အသိအမှတ်ပြုသည့်အနေနှင့်မြှောက်ပြလိုက်ပြီး တစ်ခွက်လုံးကို သောက်ချလိုက်သည်။

"စိတ်ပျက်အောင်လုပ်တယ်ဆိုလို့ မင်းနဲ့ငါနဲ့က တူတယ် ... ငါ့အဖေလည်း အသေစောတယ် ... မင်းအဖေရောပါပဲ ... အနည်းဆုံးတော့ ငါ့မှာသမီးလေးရှိသေးတယ်ကွာ ... ဒါပေမယ့် မင်းကျတော့ ..."

ယန့်ခယ် အရက်မူးစပြုလာပြီဖြစ်သည်။ လုရှန်းကို ငှဲ့ပေးသမျှဝိုင်များကို ဒိုင်ခံယူကာ ထိုင်သောက်နေသော လီဆွေ့ကို ကြည့်လိုက်ရင်း ပြော၏။

"မင်းအဖေသာ သိရင်တော့ ဒေါသထွက်ပြီး သေမှာပဲ ... အာ ... မဟုတ်သေးဘူး ...သေရာကပြန်ထလာမှာ"

ယန့်ခယ်၏စကားလုံးများက မသင့်တော်သော်လည်း ပျက်စီးလိုသောဆန္ဒနှင့် ပြောခြင်းမဟုတ်ပေ။ လုရှန်းက ထိုစကားကြောင့် စိန်အနှောင့်အယှက်ဖြစ်သည့်ပုံမပြ စကားလည်းပြန်မပြောဘဲ သူ့ဘာသူသာ လက်ဖက်ရည်ငှဲ့ရင်း သောက်နေ၏။

ညစာစားပြီးသည့်နောက် ဧည့်သည်အချို့သည် ယန့်ခယ်အား ရေပူစမ်းသို့ ခေါ်သွားခိုင်းသည်။ လီဆွေ့မှာ သောက်တာများ၍ ခေါင်းမူးနေပြီး ယိုင်ထိုးကာ အမျိုးသမီးများအသုံးပြုသော ရေပူစမ်းထဲသို့ ရောက်မလိုဖြစ်သွားသည်။ ယန့်ခယ်၏သူငယ်ချင်းများသည် သူ့အား ထိုကိစ္စနှင့် ပတ်သတ်၍ စနောက်မဆုံးတော့ပေ။ ယန့်ခယ်က လူကောင်းဖြစ်သော်လည်း သူ၏ သူငယ်ချင်းရွေးချယ်ပုံကတော့ ဆိုးသည်။ စစ်မှန်ရိုးသားသော အရည်အချင်းသည် ကြိုးစားအားထုတ်မှုမှရရှိသည်။ အတုအယောင်များကတော့ ငွေနှင့်ဖလှယ်၍ ရရှိကြသည်။ ဝမ်းနည်းစရာကောင်းစွာပဲ ယန့်ခယ်၏သူငယ်ချင်းများမှာ ဒုတိယမြောက် လူတန်းစားဖြစ်သည်။ ဆင်းရဲသူများကို အထင်အမြင်သေးတတ်ပြီး ကန်ကျောက်အနိုင်ကျင့်တတ်သေးသည်။ လီဆွေ့မှာ သူတို့အတွက် အနိုင်ကျင့်စရာကောင်းသည့် လူလိုဖြစ်နေသည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now