၁၁

20.5K 2.8K 41
                                    

[Unicode]လီဆွေ့၏သက်တမ်းတစ်လျှောက်မှာ သေရေးရှင်ရေးကို ခပ်ပေါ့ပေါ့သဘောထားပြီး ပြောတတ်သူကိုတစ်ခါမှ မမြင်ဖူးခဲ့။ ဇာတ်လမ်းထဲမှ ကြိုးဆွဲချသတ်သေသည်ကို မြင်ရလျှင်တောင် ကြည့်နေသူကိုယ်တိုင် မိမိလည်ပင်း၌ တင်းကြပ်မှုကို အနည်းငယ်တော့ ခံစားရသည်မဟုတ်ပါလား။ လုရှန်း၏စကားကိုကြားလိုက်သည့်အခါ လီဆွေ့၏နှလုံးသားတစ်ခုလုံး တစ်စုံတစ်ခုနှင့် ထိုးဆွခံရသလို အင်မတန်နာကျင်ရသည်။ သူစိတ်အတွင်းမှ အော်ဟစ်နေမိသော်လည်း အပြင်ပန်းကတော့ တည်ငြိမ်နေသည်။

လက်တစ်ဖက်နှင့်လုရှန်းကို ထိန်းထားရင်း ကျန်လက်တစ်ဖက်က ဖုန်းကိုယူကာ ဦးလေးယွမ့်ကိုခေါ်လိုက်သည်။ လီဆွေ့သည် လုရှန်းကို ပွေ့ချီ၍ကားဆီသို့ သွားရသည်။ ရွေ့ကောဆေးရုံသို့ အလျင်အမြန်မောင်းလေ၏။ ဆေးရုံသို့ရောက်သည်နှင့် ဆရာဝန်များက ဘာတစ်ခွန်းမှ မဟဘဲလုရှန်းကို ခွဲခန်းထဲသို့ ပို့ဆောင်လိုက်သည်။

"အရေးပေါ်ကုသဖို့ပြင်"

လီဆွေ့သည် ထိုစကားကိုသာကြားလိုက်ရပြီး သူနှင့်လုရှန်းအကြား ပိတ်သွားသည့် တံခါးက ခြားနားထားလေသည်။

အသက်ကယ်ဖို့ တပ်ဆင်ထားပေးထားရ စက်ကိရိယာများ၏မြည်သံများက ပဲ့တင်ထပ်နေသည်။ လီဆွေ့သည် မောဟိုက်စွာ အသက်မနည်းရှူနေရသည်။ ခေါင်းငုံ့ထားလျှက် မျက်နှာကိုပွတ်သပ်လိုက်သည့်အခါ မျက်နှာထက်မှာစိုရွှဲနေသည်က မိုးရေတွေလား ချွေးတွေလား မသိရတော့။

လီဆွေ့သည် ရှပ်အင်္ကျီတစ်ထည်တည်းဝတ်ထားသည်။ အလျင်စလိုပြုမူခဲ့ရ၍ သူ၏လက်မောင်းမှဒဏ်ရာက သူသတိမပြုမိလိုက်စဉ်မှာ ပြန်ပွင့်သွားကာသွေးပြန်စိမ့်လာသည်။

သူ့အင်္ကျီ၌ သွေးများမိုးရေနှင့်ရောကာ ရွှဲနစ်နေသည်။ စြင်္ကံတောက်လျှောက် လူသွားလူလာနည်းသဖြင့် အလွန်တိတ်ဆိတ်နေပြီး သူ၏နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။  လီဆွေ့တစ်ယောက်တည်း ထိုင်မရထမရဖြစ်နေပြီး ခွဲစိတ်ခန်းအပြင်မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။ ခဏအကြာ ဦးလေးယွမ့်က ဆေးစာကိုင်၍ရောက်လာ၏။ လီဆွေ့ကိုမြင်သော် တုံ့ခနဲရပ်တန့်သွားသည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now