ရင်ခွင်လမင်း
အပိုင်း(၃)
#ရင်ခွင်လမင်း
"အားနာပါတယ်..ညီမရယ်...ကလေးတွေနဲ့ ဆိုတော့ စာကျက်လို့ရပါ့မလား.."
"ရပါတယ်...."
"အင်း....ညစာ စားပြီးမှ ကျက်ပေါ့..အခုပဲ ခြောက်နာရီခွဲနေပြီ...."
မျက်ရည်တွေ နှပ်တွေကို လက်နဲ့ သုတ်ပြီး ထဘီမှာ ကပ်သုတ်ရင်း ပြောတော့ သက်မှာ ခေါင်းညိတ်လိုက်ရပေမဲ့ စားချင်စိတ်မရှိ..။
ဟူး..ကိုကို ဒါကြောင့် အိမ်မပြန်ချင်တာပေါ့...တကယ်ပဲ သူ့ကြောင့် ပြန်မလာတာ...။
မီးဖိုခန်းထဲ ရောက်သွားတော့ ကလေးကို လှည်းထဲ ထည့်ပြီး လက်ဆေးခါ ပန်းကန် အသေးတစ်ချက်နဲ့ ထမင်းထည့်ပြီး သူ့ သမီးရှေ့မှာ ချပေးသည်..။
"မေမေ...ခွံပေး..."
"အင်း...ထိုင်နော်...မောင်လေးကို နောက်မလုပ်ရဘူးနော်..."
"ဟုတ်..."
စကားကို တိုးတိုးသက်သာ ညင်ညင်သာသာ ပြောလိုက်တော့ ဒီမိန်းမ အသံ က ဘယ်ဆိုးလို့လည်း.....။
အဆိုတော် အသံမျိုး...ချိုချိုသာသာလေး ပါပဲ...။
"ထိုင် ညီမ..."
"ထမင်းအိုး မတည်ဘူးနော်.."
"တည်တယ်လေ...အစ်မ ယောက္ခမကြီး နဲ့ ညီမ ထိုင်နေတုန်းက တည်လိုက်တာ...ညစာ ထပ်ချက်ဖို့ ဟင်းတော့ မမှီဘူး ညီမရယ်..မနက်မှ စျေးသွားပြီး ကောင်းကောင်းလေး ချက်ပေးမယ်နော်..."
အားနာနေတဲ့ မျက်နှာ အမူအယာနဲ့ ထမင်းပန်းကန် ရှေ့တိုးပေးတော့ သက် လှမ်းယူရင်း
"ဟုတ်..ရပါတယ်...ညီမက အားနာနေတာ.."
"မဟုတ်တာ...အစ်မက အိမ် ဧည့်သည်လာရင် ပျော်တယ်...အရင်တုန်းကဆို သူ့ သူငယ်ချင်းတွေနဲ့ ပိတ်ရက်တိုင်း ဝိုင်းဖွဲ့စားသောက်ကြတာ...အခုတော့ မလုပ်နိုင်တော့ သူလည်း သာတဲ့နေရာပဲ လိုက်စားနေတော့တယ်...အခုလို မိန်းကလေး ဧည့်သည်လာရင် ပိုပျော်တယ်...အစ်မမှာ ရွယ်တူ အပေါင်းအသင်းကလည်း မရှိဘူးလေ...အိမ်ထဲမှာချည်းပဲ...အဟွင်း..ထည့်စား ညီမ..."
YOU ARE READING
ရင်ခွင်လမင်း
Romanceတစ်ချို့ အမှားတွေက လုပ်ခါစမှာ ပျော်ဖို့ ကောင်းတယ် ထင်ရတယ်... ရက်တွေ ကြာလာတော့ ဆုံးဖြတ်ချက်တွေကို သံသယ ဖြစ်လာတယ်... နောက်တော့ ပျော်ရတဲ့ အချိန်တွေ နည်းလာပြီး မှားမှန်းသိလာတယ်... နှစ် အနည်းငယ်ကြာတော့ ငြီးငွေ့လာတယ်.. ဆယ်စုနှစ်ကြာတော့ အဲဒီ့ အမှား တစ်ခုက...