ရင်ခွင်လမင်း
အပိုင်း (၇)
#ရင်ခွင်လမင်း
"ဒုန်း..."
"အမလေး..တော်ပါသေးရဲ့....ဘာမှ မဖြစ်ဘူး..ဟီး..."
အခန်းတံခါးကို တွန်းဖွင့်ပြီး ကလေးတွေကို ၀င်ကြည့်ခါ ငိုစရာ မရှိပဲ ငိုနေပြန်ပြီ...။
ဒီလောက် စိတ်မချရင်လည်း ဘာလို့ စျေးသွားသေးလည်း..။
လက်ထဲက ပစ္စည်းတွေချပြီး နို့မှုန့်ဘူး အရင်ဖောက်လိုက်တာ တွေ့မှ မင်းခ ပေါင်မုန့်ဝါးလက်စ တွေ နှေးကျသွားရသည်..။
ဟုတ်သားပဲ...နို့မှုန့် ကုန်နေတာ မသွားလို့မှ မရတာ...။
"ဒုန်း..."
မင်းခ ပေါင်မုန့်စားနေရင်း အောက်ကို အကြည့်ရွေ့လိုက်တော့ ရေဇလုံက လွင့်စင်နေပြီး လက်ကို ကွေးပိုက်ခါ ရပ်နေသည်..။
လက်က ဒီလောက်နာနေတာလား....ဘယ်သူမှ မရှိပဲ တစ်ယောက်တည်း ဖြစ်နေတာ ဆိုတော့ ဟန်ဆောင်နေတာ မဖြစ်နိုင်.။
"မေမေ..."
"သြော်..မီးမီး..နိုးပြီလား.."
"အင်း..မီးမီးတို့ ဖေဖေ့ အခန်းထဲ ရောက်နေတယ်...နေ့တိုင်း အိပ်ရရင် ကောင်းမှာပဲ...."
"အဟွင်း..ဖေဖေ က မီးမီး ကို မခွဲနိုင်လို့တဲ့ မချီပြီး အိပ်ရာထဲ ခေါ်သွားတာလေ..."
"ဟုတ်လား..မေမေ တစ်ယောက်တည်း အိပ်တာလား.."
"မဟုတ်ပါဘူး..မီးမီးတို့နဲ့ အိပ်တာပေါ့..."
"သြော်..တော်သေးတာပေါ့..မီးမီး.က မေမေ တစ်ယောက်တည်း ကြောက်နေမှာစိုးလို့ပါ...ဟင်..ရေတွေမှောက်နေတယ် မေမေ.."
"အင်း...သတိထားသွား..သွားသေချာ တိုက်ရမယ်နော်..ဒီနေ့ မနှိုးပဲ ထလာတော့ လိမ်မာလိုက်တာ...မီးမီး ကြိုက်တဲ့ သီးစုံ ပုစွန်ကြော်ပေးမယ်နော်..."
"ဟာ..တကယ်လား..."
"အင်း.."
သမီးကို ရေချိုးခန်းထဲ လိုက်ပို့ပေးပြီး ရေသုတ်၀တ် ကို ဘယ်လက်နဲ့ ကိုင်ပြီး လိုက်တိုက်နေတာ...
ကျစ်...ဆေးခန်းသွားပါဆိုလည်း မရဘူး..သူ့ ကိုယ်သူတောင် မသနားတာ..ကိုယ်လည်း မတက်နိုင်ဘူး......သေပါစေ.....။
YOU ARE READING
ရင်ခွင်လမင်း
Romanceတစ်ချို့ အမှားတွေက လုပ်ခါစမှာ ပျော်ဖို့ ကောင်းတယ် ထင်ရတယ်... ရက်တွေ ကြာလာတော့ ဆုံးဖြတ်ချက်တွေကို သံသယ ဖြစ်လာတယ်... နောက်တော့ ပျော်ရတဲ့ အချိန်တွေ နည်းလာပြီး မှားမှန်းသိလာတယ်... နှစ် အနည်းငယ်ကြာတော့ ငြီးငွေ့လာတယ်.. ဆယ်စုနှစ်ကြာတော့ အဲဒီ့ အမှား တစ်ခုက...