ရင်ခွင်လမင်း
အပိုင်း (၄)
#ရင်ခွင်လမင်း
"အင်....."
"မေမေ....မေမေ...."
ကိုကို နဲ့ သက်ရဲ့ အတိတ်တွေဆီ ရွက်လွင့်နေတုန်း ကလေးမလေး ခေါ်သံကြားတော့ အခန်းအ၀နားရောက်သွားသည်..။
၀င်သွားလို့ ကောင်းပါ့မလား...သူတို့ အိပ်ရာခွဲအိပ်နေကြတာပဲလေ...။
"မီးမီး..."
"အင်...မမ..."
ကောင်မလေးက ကုတင်ပေါ်က ဆင်းလာပြီး မျက်လုံးကို လက်နဲ့ ပွတ်ရင်း သက် ကို ထပ်ကြည့်ပြီးမှ ပြုံးပြသည်.။
"ဖေဖေကောဟင်.."
"ဟမ်..."
"ညတုန်းက ဖေဖေ ချီပြီး အိပ်ရာထဲ ပို့ပေးတာမလား...ဖေဖေ အိပ်နေတုန်းလား.."
"ဟို...မီးမီးကို ဖေဖေ ချီပို့တာလား..."
"အင်းလေ...မီးမီး ခုံပေါ်မှာ အိပ်ပျော်သွားတိုင်း ဖေဖေ က အိပ်ယာထဲ ပို့ပေးနေတာ နေ့တိုင်းပဲတဲ့ မေမေပြောတာလေ..."
"သြေ်ာ.."
ကိုကို့ နေရာကနေပြီး အယောင်ဆောင် အဖေ တာ၀န်ပါ ကျေအောင်ကြိုးစားနေတဲ့ မိန်းမကြီးကို မုန်းဖို့ကြိုးစားနေပေမဲ့ စိတ်ထဲ သနားမိလာသလိုလိုပင်...။
"ထိုင်ပါအုံး မီးမီးလေးရဲ့...."
ကလေးမလေး လက်ကို ဆွဲပြီး အနားက ခုံမှာ ထိုင်ခိုင်းလိုက်တော့ ကောင်မလေးက ဖျက်ကနဲ့ ထိုင်ချလိုက်သည်..။
"ဟော..ဒီအခန်းထဲ မှာ အလှပြင်ခုံလည်း မရှိဘူး..မီးမီးကျောင်းသွားရင် ခါးခါး ဘယ်မှာလူးလည်း.."
"ဟိုမှာလေ..."
ကုတင်ဘေးကို လက်ညိုးထိုးပြတော့ သက် ဆောင့်ကြောင့်ထိုင်ချပြီး ကြည့်လိုက်တာ သနပ်ခါးကျောက်ပြင်နဲ့ ရေဘူးတစ်ခု သာ ရှိသည်.။
သူ့မှာ ဘာတွေ ဘယ်လိုတွေ ပိုင်ဆိုင်ထားသေးလည်း အသေးစိတ်သိချင်လို့ ကလေးဆီက စကားရှာနေမိသည်..။
"မေမေ့ ရဲ့ အလှပြင် ပစ္စည်းတွေ မရှိပါဘူး.."
"မီးမီးယူဆော့လို့..မေမေ ဘီဒိုပေါ်က ဘူးထဲ ထည့်ထားတယ်..."
YOU ARE READING
ရင်ခွင်လမင်း
Romanceတစ်ချို့ အမှားတွေက လုပ်ခါစမှာ ပျော်ဖို့ ကောင်းတယ် ထင်ရတယ်... ရက်တွေ ကြာလာတော့ ဆုံးဖြတ်ချက်တွေကို သံသယ ဖြစ်လာတယ်... နောက်တော့ ပျော်ရတဲ့ အချိန်တွေ နည်းလာပြီး မှားမှန်းသိလာတယ်... နှစ် အနည်းငယ်ကြာတော့ ငြီးငွေ့လာတယ်.. ဆယ်စုနှစ်ကြာတော့ အဲဒီ့ အမှား တစ်ခုက...