ရင်ခွင်လမင်း
အပိုင်း(၁၃)
#ရင်ခွင်လမင်း
"မီးမီး ဗိုက်ဆာ ပြီလား.."
"ဟင့်အင်း.."
နေ့လည် နှစ်နာရီ ကျော်နေပြီ ဖြစ်ပေမဲ့ သမီး က ဗိုက်မဆာ ဘူးဟု ဆိုခါခုံမှာ ထိုင်နေသည်..။
"ဖေဖေ မီးမီး ဂါ၀န်လဲလိုက်မယ်နော်.."
"အင်း..."
အခန်းထဲ ၀င်သွားပြီး ဘီဒိုဖွင့်ခါ မမှီမကမ်းနဲ့ အ၀တ်တွေတက်ယူ နေချိန်.။
"ဒုန်း.."
"ဟာ.."
မင်းခ ရေနွေးဓာတ်ဘူးကို ချခါ အခန်းထဲ ပြေး၀င်သွားတော့ ခုံပေါ်က ပြုတ်ကျပြီး ခွေခွေလေး မျက်နှာ ရှုံ့မဲ့နေသည်..။
"ဆောရီး..ဖေဖေ မေ့သွားလို့. ..အရမ်းနာသွားလား.."
"ဟင့်အင်း.."
"ဘယ်ဟာ ယူမလည်း.."
'အပြာလေး..."
မင်းခ လက်ပြတ်ဂါ၀န် အပြာလေး ကို ဆွဲထုတ်ပြီး သမီးကို ၀တ်ပေးခါ လက်ဆွဲရင်း ဇစ်တပ်ပေးလိုက်သည်..။
"မောင်လေး ကို ဘာမုန့်ကျွေးတာလည်း မီးမီး သိလား.."
"အင်း.."
"ဖေဖေ့ ကို ပြောပြပါအုံး.."
သမီးက သူ့ ဒူးခေါင်းကို ပွတ်ခါ အခန်းထဲက ထွက်သွားတော့ မင်းခ သက်ပြင်းချရင်း လိုက်သွားရသည်..။
"ဟိုဘေးက ဘူး...အဝါ.."
"ဒါလား.."
"အင်း...အဲဒါ သုံးခုထည့်တယ်..ပြီးရင်..ကြောင်ရုပ်ကလေးနဲ့ ဆေး က တစ်ဇွန်းထည့်ပြီး ကျွေးတာ.."
မင်းခ မုန့်သုံးချပ်ကို ထည့်ပြီး ဆေး အချိန် အဆ မသိလို့ စာဖတ်နေချိန် သားက အသံပျောက်အောင်ငိုနေပြီ..။
တော်သေးတာပေါ့..ဇွန်း တစ်၀က်ပဲ ထည့်ရမှာ သိသွားလို့..
မင်းခ ဇွန်းတစ်၀က် ကို ပန်းကန်ထဲ ထည့်ပြီး နို့ထည့်ရလား ရေနွေးထည့်ရလား မသိတော့ သေချာ ပြန်စဉ်းစားနေရသည်..။
"အေး..ပြီးပြီ..မင်းကလည်းကွာ...အခုမှ စလုပ်ဖူး တာ စိတ်ရှည်ပေးမှပေါ့...မင်း အမေ အတိုင်း အော်ဖို့ ပဲ တက်တယ်.."
YOU ARE READING
ရင်ခွင်လမင်း
Romanceတစ်ချို့ အမှားတွေက လုပ်ခါစမှာ ပျော်ဖို့ ကောင်းတယ် ထင်ရတယ်... ရက်တွေ ကြာလာတော့ ဆုံးဖြတ်ချက်တွေကို သံသယ ဖြစ်လာတယ်... နောက်တော့ ပျော်ရတဲ့ အချိန်တွေ နည်းလာပြီး မှားမှန်းသိလာတယ်... နှစ် အနည်းငယ်ကြာတော့ ငြီးငွေ့လာတယ်.. ဆယ်စုနှစ်ကြာတော့ အဲဒီ့ အမှား တစ်ခုက...