ရင်ခွင်လမင်း
အပိုင်း (၁၅) ဇာတ်သိမ်း
#ရင်ခွင်လမင်း
"ပြီးပြီ လား ဒေါ်ဝေ၀..."
"အိုး..ဘယ်လို ဖြစ်နေတာလည်း..လာမယ်.."
"မြန်မြန်လာပါကွ...သားဆုပေးပွဲ တက်ရမှာလေ..."
"သိပါတယ်...ဒီမှာ မီးခလုပ်တွေ စစ်နေတာ..."
ဝေ မီးခလုပ်တွေ စစ်ရင်း မှန်လည်း တစ်ချက်ကြည့်လိုက်ရသေးသည်..။
မိုးပြာရောင် ဇာ၀မ်းစက် ကို တစ်ချက် ငုံ့ကြည့်ပြီး လက်က သနပ်ခါးညီရဲ့လား ပါ ကြည့်လိုက်သည်..။
"ဝေ..."
"လာပြီဟဲ့..."
"ဘာ..."
"အဲ...လာပြီမောင်.."
ဝေ ပါးချိုင့်ပေါ်အောင် ပြုံးပြီး မီးဖိုခန်းထဲ ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်..။
"နောက်တစ်ခါ ဟဲ့ကြည့်..."
ဝေ့ နဖူးကို လက်ညိုးထိုးပြီး ကျိန်းသလို ပြောတော့ ခေါင်းရှောင်လိုက်ပြီး သူ့ပခုံးကို ရိုက်ခါ ကားသော့ယူပေးလိုက်သည်..။
"အိုး.."
"ဘာဖြစ်လည်း.."
"တော်တော်ကဲနေတယ်...လွှတ်..."
ဝေ့ မျက်နှာရှေ့မှာ တရမ်းရမ်းဖြစ်နေတဲ့ သူ့ နှာခေါင်းကို ရှောင့်ပြီး ပြတင်းပေါက် တံခါးတွေ ပိတ်လိုက်သည်..။
ဒါလည်း နောက်က သိုင်းဖက်ထားတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရ...။
"လွှတ်ဟယ်..မကြီးမငယ်နဲ့..ပြတင်းပေါက်မှာ ...ဟိုဘက်တိုက်က လူတွေ မြင်သွားလိမ့်မယ်.."
"ကလေးတွေ မရှိတုန်းလေး လွတ်လွတ်လပ်လပ်နေရတာကို နင် က ဘာ တွန့်တိုနေတာလည်း.."
"အိုး..ပြောနေတာကို..."
သူ က အတင်းတိုးဖက်ပြီး နမ်းတော့ လက်မောင်းသားတွေတောင် နာသလို ဖြစ်လာပြီ...။
"ဘာဖြစ်တာလည်း.."
"မူးလို့.."
"ဟမ်...နင် ဗိုက်ကြီးပြန်ပြီလား.."
"ဟဲ့..."
"မသိဘူးလေ...နင် တစ်ခါမူးရင် ငါ ကြောက်လွန်းလို့..."
YOU ARE READING
ရင်ခွင်လမင်း
Romanceတစ်ချို့ အမှားတွေက လုပ်ခါစမှာ ပျော်ဖို့ ကောင်းတယ် ထင်ရတယ်... ရက်တွေ ကြာလာတော့ ဆုံးဖြတ်ချက်တွေကို သံသယ ဖြစ်လာတယ်... နောက်တော့ ပျော်ရတဲ့ အချိန်တွေ နည်းလာပြီး မှားမှန်းသိလာတယ်... နှစ် အနည်းငယ်ကြာတော့ ငြီးငွေ့လာတယ်.. ဆယ်စုနှစ်ကြာတော့ အဲဒီ့ အမှား တစ်ခုက...