ရင်ခွင်လမင်း
အပိုင်း (၁၄)
#ရင်ခွင်လမင်း
"မဝေ၀ဦး သတိရပြီဆိုလို့ လာကြည့်တာ..."
"သြော် ဆရာ..ဟုတ်ကဲ့...ကြွပါ..."
"ဒီကို တစ်ချက်ကြည့်ပါ..."
ဆရာ၀န်က မျက်လုံးကို စမ်းသပ်ပြီး ဘေးက တစ်ယောက်က သွေးပေါင်ချိန်ဖို့ လုပ်သည်...။
"အားနည်းနေသေးပေမဲ့ ဆင်းချင်ရင် ရပါပြီ...မဝေ၀ဦး နောက်ဆို နေကောင်းအောင်နေပါ...မဟုတ်ရင် ကျွန်တော်တို့ ဆေးရုံမှာ ကလေး ပုခက်တို့ ကစားကွင်းတို့ထားပေးရလိမ့်မယ်.."
"အဟွင်း.."
"ကျေးဇူးတင်ပါတယ်ဆရာ..သူ့လက်ကို..."
"သြော်..ဟုတ်တယ်..ဒါလည်း ပြောရအုံးမယ်..အရင်က ပတ်တီးကိုယ့်ဟာကို ဖြည်တယ်နဲ့ တူတယ်.."
"ဟုတ်ကဲ့..အလုပ်များလို့.."
"မရဘူး..ဒီတစ်ခါတော့ အဲလို မလုပ်ဖို့ သတိပေးလိုက်ပါရဲ့....ဆေးသွင်းထားတာ ကုန်ရင် လက်ကို လုပ်ပေးပါမယ်.."
"ဟုတ်..."
ဆရာ၀န်ထွက်သွားတော့မှ မီးမီးက သူ့ အဒေါ်နဲ့ အတူ မုန့်ထုတ်ကိုင်ပြီး ပြန်၀င်လာသည်..။
"ညီမနေရတာ သက်သာရဲ့လား.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..အစ်မ.."
"မဟုတ်တာ..ကဲကဲ..ဆေးရုံက ဆင်းရမယ်..ဆိုတော့ အစ်မ အမေ့ကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်မယ်လေ.. အစ်မပဲ ပစ္စည်းတွေသိမ်းပြီး လိုက်ခဲ့မယ်...မင်းခ က ဝေ၀ ကို ခေါ်သွား......"
"မီးမီး လည်း လိုက်ခဲ့မယ်.."
"ဟုတ်ပြီ..."
ဆရာ၀န်က ပြန်ခါနီး လက်ကို ပတ်တီးစည်း ခါ ကြိုးသိုင်းပေးလိုက်တော့ မင်းခ ပိုလို့ ဒုက္ခရောက်တော့သည်..။
"နေနေ...ငါဖွင့်ပေးမယ်.."
ကားတံခါး ဖွင့်ပေးပြီး ပြန်ပိတ်ပေးခါ သမီး ကိုနေရာချပေးရသည်..။
"အဟွင်း..ကောင်းလိုက်တာ.."
"အေးပါ..နေကောင်းရင် တွေ့မယ်.."
YOU ARE READING
ရင်ခွင်လမင်း
Romanceတစ်ချို့ အမှားတွေက လုပ်ခါစမှာ ပျော်ဖို့ ကောင်းတယ် ထင်ရတယ်... ရက်တွေ ကြာလာတော့ ဆုံးဖြတ်ချက်တွေကို သံသယ ဖြစ်လာတယ်... နောက်တော့ ပျော်ရတဲ့ အချိန်တွေ နည်းလာပြီး မှားမှန်းသိလာတယ်... နှစ် အနည်းငယ်ကြာတော့ ငြီးငွေ့လာတယ်.. ဆယ်စုနှစ်ကြာတော့ အဲဒီ့ အမှား တစ်ခုက...