ရင်ခွင်လမင်း
အပိုင်း (၁၀)
#ရင်ခွင်လမင်း
"အဲ..အဲ.."
"သွတ်...သွတ်..."
သား အသံကြားတာနဲ့ ဝေ ဆက်ကနဲ့ နိုးသွားတော့ မျက်လုံးပွတ်ရင်း ပြူးကျယ်သွားရသည်..။
ဘာတွေ ဖြစ်နေတာလည်း...စိတ်မှ မှန်သေးရဲ့လား...။
ကလေးကို ပုခက် လှုပ်ပြီး ဒင်းက ပြန်သိပ်ပေးနေတာ...ဘာဖြစ်လို့ပါလိမ့်..။
"ပြန်အိပ်သွားပြီ..."
"ဟင်..အင်း..."
"ဒီ အခန်းက အဲကွန်းက တင် မရဘူး...မနက်ဖြန်မှ နှစ်ခု စလုံး ပြင်ရမယ်.."
"အင်း.."
ဝေ မှာ သူ့ ပြောသမျှ အင်းလိုက် ခေါင်းညိတ်လိုက်ဖြင့် ကြောင်တောင်တောင် ငုတ်တုတ်ထိုင်ကြည့်နေရသည်..။
"အပေါ်မှာ သွားအိပ်လေ..."
"ရတယ်...သားအနားမှာပဲ.."
"ငါ ပူလို့..."
ကုတင်ပေါ် ပူလို့ အောက်ကို ဆင်းလာတော့ ဝေလည်း ခေါင်းအုံးပိုက်ပြီး ကုတင်ပေါ် ရွေ့လိုက်ရသည်..။
တစ်ရက်တည်း ဘာလို့ ပြောင်းသွားတာလည်း...ခရီးက ပြန်လာကတည်းက ပုံမှန်မဟုတ်ဘူး..
မဟုတ်မှ ကွာရှင်းဖို့ စီစဉ်ပြီးသွားလို့ ကောင်းပြနေတာလား...
ဝေ နောက်ကို လှည့်လိုက်တော့ မအိပ်သေးပဲ သားကို ပဲ ရပ်ကြည့်နေတုန်း..
ကလေးကို သူခေါ်သွားမှာလား မသိဘူး..။
"အိပ်မရဘူးလား.."
"ဒီမျက်လုံးကိုကြည့်အုံး.."
သူ့ မျက်လုံး ကို ပြူးပြပြီး ပြောတော့ ဝေ ပြုံးလိုက်မိပြီး ကျောပြန်ခိုင်းလိုက်ရသည်..။
"အမလေး..."
ဝေ မနက် အိပ်ရာထတော့ သူက မီးဖိုခန်းထဲမှာ ငုတ်တုတ်ထိုင်နေလို့ လန့်သွားရသည်..။
"ခေါင်းစုတ်ဖွားနဲ့ သူကပဲ ပြန်လန့်နေရသေးတယ်.."
သူ ပြောမှ သတိရပြီး ဝေ ဆံပင်တွေ လက်နဲ့ သပ်သိမ်းပြီး ရေချိုးခန်း ၀င်လိုက်ရသည်..။
YOU ARE READING
ရင်ခွင်လမင်း
Romanceတစ်ချို့ အမှားတွေက လုပ်ခါစမှာ ပျော်ဖို့ ကောင်းတယ် ထင်ရတယ်... ရက်တွေ ကြာလာတော့ ဆုံးဖြတ်ချက်တွေကို သံသယ ဖြစ်လာတယ်... နောက်တော့ ပျော်ရတဲ့ အချိန်တွေ နည်းလာပြီး မှားမှန်းသိလာတယ်... နှစ် အနည်းငယ်ကြာတော့ ငြီးငွေ့လာတယ်.. ဆယ်စုနှစ်ကြာတော့ အဲဒီ့ အမှား တစ်ခုက...