Part 9

3.3K 176 11
                                    

ရင်ခွင်လမင်း

အပိုင်း(၉)

#ရင်ခွင်လမင်း

"ရေး...ရေး.."

"အိုး..မီးမီ...အိတ်ကို ပစ်မချနဲ့လေ.."

"မောင်မောင်လေးရေ..."

သမီး က သူ့ မောင်လေး ဘေးမှာ ပတ်ပြေးပြီးပျော်နေလို့ မင်းခ လည်း ပြုံးလိုက်မိသည်..။

"မေမေ...မုန့်ကျွေးနေတာလား.."

"အင်း...မီးမီး ခဏနားပြီး ရေချိုးရမယ်နော်..."

"ဟုတ်..."

"ကဲလာ....မုန့်စားမယ်.."

"အ..."

"မောင်မောင်လေးရေ....အ....."

"ကြည့်ပါအုံး..မောင်လေး က မီးမီးကို သတိရနေတာ...တစ်နေ့လုံး မမကြီး ကို မတွေ့လို့ မရယ်ဘူး.."

"ဟုတ်လား...မောင်လေး...မမ ကျောင်းပိတ်ရင် မောင်မောင်လေး နဲ့ ဆော့မယ်နော်..."

"ခစ်..ခစ်..."

"ဟိ...မေမေ...မောင်မောင်လေး သွားက ပိစိလေး...ဟီး.."

"မောင်မောင်လေး သွားတိုက်ရမယ်နော်..ဒါမှ သွားတွေ ကြီးလာမှာသိလား..မမ ကို ကြည့်...အ...ဟ....အာ....တွေ့လား.."

"မေမေ...."

"အင်း...ပြော.."

"မိုးလေးတို့ က စနေည အပြင်သွားတယ်တဲ့..သူ့မေမေရယ်..သူ့ဖေဖေရယ်..သူ့ညီမလေးရယ်..အားလုံးသွားတယ်မေမေ..

မီးမီးတို့လည်း သွားချင်တယ်.."

"သွားမှာပေါ့.."

"မေမေ...လိမ်တာ..မေမေလိမ်နေတာ...ဟီး.."

"ဟဲ့...အို...မီးမီး..စာအုပ်ကို မစုတ်နဲ့ ပြန်ဖြည်စမ်း..လွတ်ဆို...ငါ ရိုက်မှာနော်..."

"ဟီး...ဖေဖေ ပြောတော့ တစ်ရရင် ခေါ်သွားမယ်ပြောတယ်.."

"ဟိုတစ်ခါတုန်းက ကစားကွင်းခေါ်သွားတယ်လေ.."

'မေမေ နဲ့ မောင်လေး ပါဘူးလေ..."

"မေမေ က ရုပ်ဆိုးတော့ မီးမီးတို့နဲ့ လိုက်ရင် ခေါ်ပါ့မလား..."

"အီး..ဟီး...မေမေ ရုပ်ဆိုးဘူး..."

"အေး..အေး...ဟုတ်ပြိ...နောက်တစ်ခေါက်ဆို တူတူ သွားကြမယ်နော်..ကြည့်ပါအုံး စာအုပ်တွေကြေကုန်ပြီ...စာအုပ်ကို ဒီလိုလုပ်တာ မေမေ မကြိုက်ဘူးနော်.."

ရင်ခွင်လမင်းWhere stories live. Discover now