"ဖူး..."
"ပြောလေ.."
"နင် နှင်းကိုပြန်မပြောနဲ့နော်ငါနင့်ကိုသတင်းပေးစရာရှိလို့"
"အေးပါမပြောပါဘူး"
"နှင်းကလေ...နင့်ကိုကြိုက်နေတာတဲ့"
"ဘယ်လိုဘယ်လို..သူကlesbianကြီးလား"
"အေးဆို"
"ဟဲ့.......!!!"(နှင်း)
"အမလေးနှင်းရယ် လန့်လိုက်တာဖြည်းဖြည်းခေါ်ပါဟ"(ဝေလွင်)
"ဘာတွေပြောနေကြတာလဲ"(နှင်း)
"ဘာမှမပြောပါဘူး"(ဝေလွင်)
"ပြီးရောအေ"(နှင်း)
"နင်ဒီနေ့ကျောင်းထဲဝင်တာနောက်ကျတယ်နော်"(ဝေလွင်)
"အေး...ငါနင့်ကိုပြောရအုံးမယ်...ငါရည်းစားရသွားပြီဟ"(နှင်း)
"ဟေဘယ်သူနဲ့တုန်း"(ဝေလွင်)
"Bခန်းက မေဉီးနဲ့"(နှင်း)
"ဘယ်လိုဘယ်လိုနင်က..."(ဖူး)
"အေးလေ"(နှင်း)
"အော်..."(ဖူး)
"ဒါပေမယ့်အပျော်တွဲတာပါ"(နှင်း)
"သူဘက်ကလား"(ဖူး)
"မဟုတ်ဘူး..ငါဘက်ကသူ့ကိုအပျော်တွဲတာ..ငါတကယ်ကြိုက်တဲ့သူဆိုလို့အခုချိန်ထိတစ်ယောက်ဘဲရှိသေးတယ် ဒါပေမယ့် မကြာခင်မှာနှစ်ယောက်ဖြစ်တော့မယ်"ဟုပြောကာဖူးကိုစိုက်ကြည့်နေလေသည်။
ဖူးကနှင်းပြောသည့်အဓိပ္ပာယ်ကိုသိသည်။
"နင်တကယ်ကြိုက်တာဘယ်သူတုန်း"(ဖူး)
"Eခန်းကမြင့်မိုးလေ"(နှင်း)
"အော်...သူလား"(ဖူး)
"နင်သိလား"(နှင်း)
"အေးသိတယ်"(ဖူး)
"သူချောလား"(နှင်း)
"အေးချောတယ်"(ဖူး)
"ငါသူ့ကိုကြိုက်တာဘယ်နှစ် နှစ်ရှိပြီလို့ထင်လဲ"(နှင်း)
"သိပုလေ"(ဖူး)
"၅နှစ်"(နှင်း)
"ဘယ်လို ဘယ်လို"(ဖူး)
"နင်သူ့ကိုဖွင့်မပြောဘူးလား"(ဖူး)
"ဟင့်အင်း"(နှင်း)
"ဘာလို့တုန်း"(ဖူး)
"အပျော်မတွဲချင်လို့"(နှင်း)
"အော်...ကိုယ်တကယ်ချစ်တဲ့သူတောင်မှအပျော်မတွဲချင်လို့တဲ့လား"(ဖူး)
"မဟုတ်ဘူး...ငါသူ့ကိုကြိုက်တာချောလို့ကြိုက်တာ"(နှင်း)
"အမလေးဟယ်ချောလို့ကြိုက်တာက၅နှစ်တောင်!!ဖြည်းဖြည်းသက်သာလည်းလုပ်ပါအုံး"(ဖူး)
"ဟီး...ငါကတကယ်ကြိုက်တဲ့သူမှဖွင့်ပြောတာ"(နှင်း)
"အဲ့ဒါဆိုရင်နင်ကမေဉီးကိုဖွင့်ပြောတာမဟုတ်ဘူးပေါ့"(ဖူး)
"အေး..သူအရင်လာပြောတာ"(နှင်း)
"ဘာ..!!တကယ်ကြီး.."(ဖူး)
"အေး...ငါကအရမ်းတေချောလို့လေ"ဟုပြောကာသူ့မ၏ဆံပင်ကိုခါလိုက်သည်။
ဖူးကနှင်းရဲ့ပုံစံကိုကြည့်ကာ
သူ့ရဲ့ပုံစံက-ဆံပင်အရှည်ကိုနောက်သို့အမြင့်စည်းလိုက်ပြီး/အသားကညိုညို/အရပ်ကမြင့်မြင့်/မျက်ခုံးမွှေးကထူထူ/ခန္ဓာကိုယ်ကတောင့်တောင့်ဖြောင့်ဖြောင့်/တောက်ပတဲ့မျက်လုံးလေးမှာမျက်ကပ်မှန်အညိုရောင်နဲ့/ဝတ်စားထားပုံက ကျောင်းအက်ျီအဖြူကိုလည်ကတုံးနဲ့ရင်ဖုံးအပေါ်ကတေ hoodie အမဲကိုထပ်ဝတ်ထားပြီးတော့ဇစ်မဆွဲထားဘူးလက်သည်းကဆယ်ချောင်းလုံးအရှည်ဖိနပ်က ကတ္တီပါအမည်းကိုပြောင်နဲ့ သေချာကြည့်လိုက်တော့အရမ်းချောတော့ဖူးတောင်နည်းနည်းကြွေသွားတယ်။"ဟဲ့ဖူး ဘာတေတွေးနေတာလည်း"(နှင်း)
"ဘာမှမတွေးပါဘူး"(ဖူး)
"မတွေးဘူးသာပြောတယ်ငါခေါ်နေတာကြာလှပြီ"(နှင်း)
"ဘလိုလဲငါ့ကိုကြွေသွားတယ်မှတ်လား"(နှင်း)
"ကြွေစရာလားအေညည်းကလည်းနောက်တယ်နော်"(ဖူး)
"😂😂"(နှင်း)
"မရီနဲ့😤"(ဖူး)
"အယ်...ကောင်မလေးရှက်သွားပြီ"(နှင်း)
"နှင်းရေ...."
ခေါ်သံကြားတော့နှင်းလှည့်ကြည့်ကာတွေလိုက်ရတဲ့မျက်နှာက..
************************************
နောက်တစ်ပိုင်းကိုနောက်မှဆက်မယ်....
ဒီstoryကနည်းနည်းတော့အခန်းများမယ်နော်..အားပေးကြပါ...အရမ်းချစ်တယ်နော် 🤘🤘❤️❤️vote လေးပါလေးပေးအုံး😒😒

YOU ARE READING
လေလွင့်ငှက်..
Romanceအချစ်ကြောင့်လေလွင့်သွားတဲ့ငှက်လေး...သူပြန်ပြီးရှင်သန်နိုင်မလား.....ပထမဆုံးလက်ရာလေးမို့အားပေးကြပါလို့😍😍