Chapter-9

207 18 0
                                    

"ငါမထင်ခဲ့ဘူးမိုးမြင့် ငါနင့်အချစ်ကိုအရင်တုန်းကလိုချင်ခဲ့မိတယ်လေ အခု ငါ ငါ..."

"နှင်း...နင်ငါ့ကိုမချစ်ဘူးလို့ပြောမထွက်ဘူးမှတ်လား"

"..."

"ပြောပါနှင်း"

"ငါ့မှာအဖြေမရှိဘူး"

************************************

မိုးမြင့်ရဲ့နှုတ်ခမ်းကနှင်း၏ပါးပေါ်ကိုရောက်လာသည်

နှင်း မိုးမြင့်ကိုချစ်သည် ဖူးကိုလည်းချစ်သည်

"အုန်း!!!"

ဖူးအရှိန်ပြင်းစွာနှင်းကိုဝင်တိုက်သွားသည်။

"ဖူး...ခနလေး ဖူး"

ငါ့ကိုမခေါ်နဲ့လို့စိတ်ထဲမှာအကြိမ်ကြိမ်ပြောနေပြီ နှလုံးခုန်သံက အကြိမ်ကြိမ် မြင့်တက်လာသည်

************************************

"နှင်း....ငါနင့်ကိုချစ်တယ်"

"မိုးမြင့်"

"နင်တခြားမိန်းကလေးတွေကိုကြိုက်နေတာငါသဝန်တိုတယ် နင်သူ့ကိုမကြိုက်ပါနဲ့လားဟာ ငါနင့်ကိုချစ်တယ်"

"မိုးမြင့် နင်အရမ်းကိုနောက်ကျသွားပြီ အခုချိန်မှာငါ ဖူးတစ်ယောက်ထဲကိုဘဲချစ်တော့မှာလို့ဆုံးဖြတ်ပြီးပြီ"

"နှင်းရယ်..."

"Sry ပါ မိုးမြင့် သူငယ်ချင်းလိုဘဲနေရအောင်"

************************************

ဖူးတစ်ယောက်အတန်းထဲကိုမျက်လွှာချပြီးဝင်လာသည် သူစိတ်ထဲမှာမျှော်မှန်းထားသည်က နှင်းသူနောက်ကလိုက်လာပြီး သူလက်ကိုဆွဲကာ တောင်းပန်မည်ဟုထင်ခဲ့သည် သို့သော် နှင်းကသူ့နောက်ကပါမလာ
ဖူး...သူ့အတန်းထဲကိုဝင်ထိုင်ကာလွယ်အိတ်ချပြီး ခုံပေါ်မှာမှောက်အိပ်လိုက်သည် ထို့နောက်အတွေးပေါင်းများစွာကခေါင်းထဲဝင်လာသည်

သူဘာလို့ငါ့နောက်လိုက်မလာတာလဲ

သူမိုးမြင့်ကိုပြန်ချစ်နေပီလား

ငါက​ရောဘာလို့ဒေါသထွက်တာလဲ

မိုးမြင့်ကသူ့ကိုနမ်းတာဘာဖြစ်လို့လဲ

 လေလွင့်ငှက်..Where stories live. Discover now