Chapter-7

233 18 0
                                    

"နှင်းရေ...."

"အော်..မေဦး...ဘာကိစ္စရှိလို့လဲ"

"ကိုယ့်ရည်းစားဆီကိုကိစ္စရှိမှလာရမှာလား"

"မဟုတ်ပါဘူး မေကရုတ်တရက်ကြီးရောက်ချလာလို့ပါ"

"လာခဲ့ ပြောစရာရှိလို့ အပြင်ခနသွားရအောင်"

"အင်း ကိုလိုက်ခဲ့မယ်"

************************************

"မေ ကို့ကိုဘာပြောစရာရှိလို့လဲ"

"ဟိုတစ်ယောက်နဲ့ဘာတွေပြောနေကြတာလဲ..."

"ဘာမှမပြောပါဘူး"

"မပြောပေလို့ဘဲ ရီနေလိုက်တာများသွားကြီးကိုဖြီးလို့"

"ဟီး...."

"အမလေးဟဲ့ပလုတ်တုတ်!!!"

အနောက်မှရင်းနှီးတဲ့အသံတစ်ခုကိုကြားတော့နှင်းလှည့်လိုက်သောအခါ...

"ဟာ...ဖူး"(နှင်း)

"ဖူးတဲ့လားဟ"(မေဦး)

"သူ့နာမည်ကဖူးဝေလွင်လေ"(နှင်း)

"အော်...နင်ကအဖျားတောင်စွတ်ခေါ်နေတယ်ပေါ့ဟုတ်လား"(မေဦး)

"ကို သူ့နာမည်ကိုအဖျားစွတ်အော်တာထူးဆန်းလား ပြီးတော့ဘာလို့နင်နဲ့ငါနဲ့ပြောနေတာလဲ"(နှင်း)

"တော်ပါတော့ငါ့ကြောင့်နဲ့ရန်မဖြစ်ကြပါနဲ့ ပြီးတော့နှင်းနင်လည်းငါ့ကိုဖူးလို့မခေါ်နဲ့ငါ့နာမည်ဘဲခေါ်တော့"(ဖူး)

"ဘာလဲနင်ကငါ့ကိုရွဲ့တာလား"(မေဦး)

"နင့်ကိုရွဲ့ရအောင် နင်နဲ့ငါနဲ့သိလို့လား နင်ကဘာတွေလိုက်ပြီးသဝန်တိုနေတာလဲ သူနဲ့ငါနဲ့ကသူငယ်ချင်းဘဲဘာမှမပိုဘူး"(ဖူး)

"ဘာဘဲဖြစ်ဖြစ်သူနဲ့ငါနဲ့ကရည်းစားတွေဖြစ်နေပြီလေနင်ရှောင်သင့်တာပေါ့"(မေဦး)

"ငါကဘာတွေမှားနေလို့ဘာကိုရှောင်ရမှာလဲ နင်သာသူ့ကိုတကယ်ချစ်လားငါ့ကိုပြောစမ်းပါ"(ဖူး)

"ငါသူ့ကိုတကယ်ချစ်လို့...."(မေဦး)

"မဟုတ်ဘူးစကားကိုပြန်ပြင်ပြော ငါသူ့ပိုက်ဆံတွေကိုမက်လို့လို့ပြော"(ဖူး)

 လေလွင့်ငှက်..Where stories live. Discover now