Chapter-15

210 13 0
                                    

'ဖူး ငါပြောတာကိုလက်ခံလား'

ဖူး.. ဘာမှမပြောဘဲ ခုတင်ဘေးနားကခုံလေးမှာဝင်ထိုင်နေလိုက်သည်။

'ဖူး ငါပြောတာကိုကြားလား'

'ဟိုဟာလေ နှင်း ဆန်ပြုတ်လေးသောက်လိုက် ငါ duty ရှိလို့သွားလိုက်အုံးမယ်'

'ဖူး နင်ငါ့ကိုဘာလို့ရှောင်နေတာလဲဟာ ငါနင့်ကိုတကယ်ချစ်တာပါ ပြန်တွဲရအောင်လေ'

'မဖြစ်နိုင်တော့ဘူးနှင်း လုံးဝမဖြစ်နိုင်တော့ဘူး'

'ဘာကိုမဖြစ်နိုင်ရမှာလဲ'

'ငါအခုလက်ထပ်ရတော့မယ်နှင်း'

နှင်း ဆွံအ သွားပြီး ဘာမှပြောစရာမရှိတော့ ဖူးရဲ့မျက်လုံးကိုသေချာစိုက်ကြည့်ပြီးနှင်းမျက်ရည်များကျနေသည်။အသက်ရှုရမှာတောင်မေ့သွားပြီး အရာအားလုံးလဲဘာမှမကြားရတော့ နားတွေအူလာပြီး မျက်လုံးတွေလည်းပြာသွားသည်။ထို့နောက် နှင်းသတိပြန်ကပ်လိုက်ပြီး ကျနေသောမျက်ရည်များကိုလက်ဖြင့်ဖယ်ရှားလိုက်ပြီး ဖူးကိုပြုံးပြလိုက်သည်။သူ့ရင်ထဲကအပူတွေကိုမမြင်စေချင်လို့နေမှာပေါ့

"ဘယ်သူနဲ့လဲ ဖူး"

"ဖြိုးမင်းခန့်ဆိုတဲ့တစ်ယောက်နဲ့ ငါကနင်မရှိတဲ့အချိန်မှာ သူတို့နှစ်ယောက်ကိုအပြိုင်ထားလိုက်တာ ငါသူရိန့်ကိုတော့မချစ်ဘူး ငါသူ့ကိုတော့..."

"တော်တော့ဖူး ငါအခြေအနေတွေအကုန်လုံးကိုသိလိုက်ရပြီ နင်ကလေ တကယ်သစ္စာမရှိတဲ့လူဘဲ ငါ့မှာတော့နင့်ကိုငါးနှစ်လုံးလုံးစောင့်နေလိုက်ရတာ နင်ကတော့ပျော်မြူးနေတယ်ပေါ့ဟုတ်လား တော်လိုက်တော့ ငါနင့်ကိုမုန်းသွားပြီ နင်ကတကယ်ရွံဖို့ကောင်းတယ်"

"နှင်း!!! နင်လွန်လာပြီ နင်ငါ့သိက္ခာကိုမစော်ကားနဲ့"

"သိက္ခာ ဟုတ်လား နင့်မှာရှိလို့လား နင်ဟာလေ ငါ့အချစ်နဲ့မတန်တဲ့လူ နင်အခုချက်ချင်း ဒီအခန်းထဲကနေ ထွက်သွား ထွက်သွားတော့ဟာ"

နှင်း လက်နှစ်ဖက်နဲ့ နားကိုပိတ်ပြီး အသားကုန်အော်လိုက်သည်။ဖူးလည်း အခန်းထဲကနေပြေးထွက်သွားသည် အခန်းထဲမှာဘယ်သူမှမရှိ တစ်ခန်းလုံးမှောင်နေပြီး အခန်းထဲမှာ နှင်းတစ်ယောက်ထဲအထီးကျန်စွာကျန်နေရစ်ခဲ့သည် အချိန်ခဏထိ ဘာသံမှမကြားရခဲ့

 လေလွင့်ငှက်..Where stories live. Discover now