[A/N:အခုပြောပြမယ့်အကြောင်းအရာကဝေလွင်ဘလို transman ဖြစ်သွားပီး ဘယ်ကနေဘလို ဖူးနဲ့တွဲသွားလဲဆိုတာပါဘဲ အဲ့တော့...10 တန်းနှစ်ကိုပြန်သွားရအောင်]
10 တန်း.....
ဒီနေ့ကကျောင်းစတက်တဲ့နေ့လေ နှင်းကလည်း Mandalay သူ့အဒေါ်အိမ်မှာကျောင်းသွားတက်တယ် ဖူးကတော့အရင်ကျောင်းမှာဘဲ ဝေလွင်နဲ့တူတူဘဲလေ ဖူးကကျောင်းစတက်တဲ့နေ့မှာ ကျောင်းကိုအစောကြီးလာပြီးရှေ့ဆုံးခုံမှာဝင်ထိုင်လိုက်သည် ထို့နောက် ဝေလွင်က သူမ၏နောက်ကခုံမှာဝင်ရောက်နေရာယူလိုက်သည်။
"ဖူးရေ...ဒီနှစ်တော့နှင်းကကျောင်းပြောင်းသွားပီနော် နင်တော့လွမ်းနေတော့မှာဘဲ"
"အေး...ဟ ဒါပေမယ့်လည်းခနလေးခွဲရတာပါဟာ"
"သူနဲ့နင်ကတွဲနေတုန်းလား"
"ဟင့်အင်းအဆက်အသွယ်ဖြတ်ထားတယ်
"အော် .....ဖူး....."
"ပြောလေ"
"အာ.........."
"ပြော..ဘာလဲ"
"ဖူး ငါနင့်ကိုပြောရင်နင်ငါ့ကိုစိတ်ဆိုးမှာလား"
"ပြောကြည့်လေ"
"ဖူး....ငါနင့်ကိုချစ်တယ် နှင်းနင့်ကိုမကြိုက်ခင်ကတည်းကငါနင့်ကိုချစ်တာပါဟာ"
"ဒီမှာဝေလွင် ငါဒီနှစ်ရည်းစားမထားချင်လို့တောင်မှနှင်းနဲ့အဆက်အသွယ်ဖြတ်ထားတာကိုနင်က...ဟား...လောကကြီးကလေ တကယ်မတရားဘူးသိလား နှင်းကနင့်ရဲ့သူငယ်ချင်းအရင်းကြီးမဟုတ်ဘူးလား နင်မို့လို့ဟာ.."
"ဖူး.....ငါနင့်ကိုတကယ်ချစ်တာပါဟာ"
"တော်လိုက်တော့ဝေလွင်ငါနင့်ကိုမချစ်ဘူး ချစ်လို့လဲမရဘူး သူငယ်ချင်းလိုဘဲနေရအောင်ဟာ..."
တိတ်ဆိတ်မှု 🍃~~
တောင်တောင်🔔🔔
" ကျောင်းဆင်းပြီ...ဟေ့"
ကျောင်းသား/သူများအားလုံးအခန်းထဲကနေပြေးထွက်သွားကြသည်။ဖူးကလည်းစာအုပ်တွေကိုလွယ်အိတ်ထဲမှာထည့်ပြီးလွယ်အိတ်ကိုလွယ်ကာအခန်းအတွင်းသို့ဝှေ့ကြည့်လိုက်သည်။အခန်းထဲတွင်မည်သူမျှမရှိတော့...သို့သော်ဝေလွင်တစ်ယောက်ခုံပေါ်တွင်မှောက်အိပ်နေသည်ကိုတွေ့လိုက်ရသည်။ဖူးကလည်းဘာဘဲဖြစ်ဖြစ်သူငယ်ချင်းကသူငယ်ချင်းဘဲဆိုပြီးဝေလွင်၏လက်
မောင်းကိုကိုင်ကာလှုပ်နိုးလိုက်သည်။
![](https://img.wattpad.com/cover/208484672-288-k207527.jpg)
YOU ARE READING
လေလွင့်ငှက်..
Romanceအချစ်ကြောင့်လေလွင့်သွားတဲ့ငှက်လေး...သူပြန်ပြီးရှင်သန်နိုင်မလား.....ပထမဆုံးလက်ရာလေးမို့အားပေးကြပါလို့😍😍