Next Pg_5

355 34 4
                                        

လူစည်ကားသည့် လမ်းမကြီးထက် ပြန်ပေးဆွဲခံရသည် ဆိုသည်မှာ အလွန်ကို ထူးဆန်းသည့် ကိစ္စဖြစ်သည်။

မိမိမှာ ပိန်သွယ်သည့် ခန္ဓာရှိပေမဲ့ အရမ်းလည်း အင်အားသေးသည့်အထဲမပါ၊ အခုတော့ ပါးစပ်ကို လက်ဖဝါးဖြင့်အုပ်ကာ နောက်ကနေ ခါးကို သိုင်းဖက်ရင်း ခေါ်သွားသည့် လူကြောင့် ဒေါသထွက်လာရသည်။

အမှောင်ရိပ်ကျ မပီဝိုးတဝါး အလင်းရောင်ဖြဖြအောက် လမ်းကြားတစ်ခုထဲရောက်မှ Xiao Zhanမျက်နှာကို ရှေ့တည့်တည့်က ရပ်ကြည့်ကာ မျက်ရည်ကျနေသည့် လူရွယ်တစ်ယောက်ကြောင့် ထွက်နေသည့် ဒေါသတွေပါ ပြန်ဝင်သွားရသည်။

မိမိမျက်နှာကိုကြည့်ပြီး ငိုသည့်သူ ခုချိန်ထိ မတွေ့ဖူးခဲ့သည့်အပြင် မိမိထက် အသက်ကြီးသည့်ပုံပေါ်သည့် လူရွယ် စကားစလာမည့် အချိန်ကိုသာ Xiaoသခင်လေး စောင့်နေလိုက်သည်။

"___ကို ကို___"

"______"

"ကိုကို"

မိမိရဲ့ပုခုံးနှစ်ဖက်ကို ဖိကိုင်ရင်း မျက်နှာကိုစေ့စေ့ကြည့်ကာ ခေါ်လိုက်ပုံက "ကိုကို???" ဒါဘယ်လိုအခေါ်အဝေါ်ကြီးလဲ။ သွေးရင်းသားရင်းလည်းမဟုတ်၊ ခင်မင်ရင်းစွဲလည်း မရှိသည့်ဒီလူရွယ်က Xiao သခင်လေးကို ဘာကြောင့်များ ဤသို့ခေါ်နေလဲဆိုတာ လုံးလုံးနားမလည် ဖြစ်ရသည်။ သိပ်မကြာခင်အချိန် တစ်ခုလောက်က တွေ့ဖူးရုံ ဆက်ဆံရေးက ဤသို့ခေါ်ရသည်ဆိုရအောင်လည်း ထိုအချိန်က ၎င်းလူရွယ်သည် သတိဝင်တစ်ချက် မဝင်တစ်ချက် ဖြစ်နေသည် မဟုတ်ပါလော။

"ကိုကို ကျွန်တော်ကို မသိဘူးလား ကျွန်တော် Wang Yi Bo လေ ကိုကိုရဲ့၊ ကိုကို့ရဲ့ Yi Bo"

"_____"

တစ်ဖက်လူက မည်သို့ပင် ဆိုစေကာမူ Xiaoသခင်လေးမှာ လက်တလော အခြေအနေကို ဆက်စပ်တွေးခေါ်နိုင်စွမ်း မဲ့နေလေသည်။ အဘယ်ကြောင့် မိမိထက်ကြီးရင့်သည့် လူတစ်ယောက်က မိမိကို မြင်သည်နှင့် မျက်ရည်စီးကြောင်းကျကာ ညီငယ်လေးသဖွယ် မိတ်ဆက်ရအောင်လည်း မိမိနှင့် အသိမိတ်ဆွေ မဟုတ်သည်မှာလည်း Xiaoသခင်လေးဘက်က သေချာနေလေသည်။ Wangအိမ်တော်ရဲ့ သခင်လေးဖြစ်သူမှာ အဖျားပိုးဦးနှောက်ထဲ ဝင်သွားလို့များ စိတ်လွတ်သွားလေသလား။

နောက်တစ်မျက်နှာ(နောက်တစ်မျက်နှာ)( HIATUS)Место, где живут истории. Откройте их для себя