Next Pg_10

90 7 2
                                        

လက်ညှိုးနှင့်လက်မ ညှပ်ကိုင်ထားသည့် တဖျပ်ဖျပ် လက်နေသည့် လက်စွပ်ကွင်းလေးကို Wang Yi Bo ကြည့်နေသည်။

ဒါလေးက ကိုကိုနဲ့သူရဲ့ ချစ်သက်လက်ဆောင်လေး။ တစ်ခါတစ်ရံ Xiaoသခင်လေးက သူ၏ကိုကိုဟု တထစ်ချ ယုံကြည်နေသလို တစ်ခါတစ်ရံလည်း မဟုတ်ဘူးလို့ ထင်မိပြန်သည်။ ဒါပေမဲ့လည်း YiBoရဲ့အတ္တက မဟုတ်ဘူးလို့လည်း လက်မခံသလို ဟုတ်သည်လို့လည်း မငြင်းပေ။ ကိုကို့ကို အခုလက်ရှိအချိန်မှာ စိတ်ချမ်းမြေ့အောင် အတက်နိုင်ဆုံး သူ၏ချစ်ခြင်းတွေ ပေးမည်ဟုသာ ဆုံးဖြတ်ထားသည်။

"Wang သခင်လေး"

အနားကိုရောက်လာသည့် လူရိပ်ကြောင့် လက်ထဲကလက်စွပ်ကို အင်္ကျီလက်ထဲ ထည့်လိုက်၏။

"ကိုကို ထိုင်လေ"

ကျောတွင် ခြင်းပုံစံလေးကို ကျောလွယ်ထားပြီး ထိုခြင်းထဲတွင် ကြိုးခွေ၊ တံစဉ်း နှင့် ဓားတစ်ချောင်းကို ထည့်ထားလေသည်။

"Wangသခင်လေး ကျွန်တော်ဆေးပင်သွားခူးရမယ့်ရက် ရောက်ပြီ၊ အဲ့ဒါ"

"သွားလေ ကိုကို၊ အားရင် ဝေါယာဉ်ပြင်ထားလိုက်"

"ဟုတ်ကဲ့ သခင်လေး"

"မ မလိုပါဘူး၊ ကျွန်တော် တစ်ယောက်တည်း သွားပါ့မယ်"

"မရပါဘူး၊ Xiaoအိမ်တော်မှာတုန်းကတောင် ကိုယ်ရံတော်ပါမှ တောထဲ ဆေးပင်ခူးခွင့်ရတာဆို၊ အခု ကျွန်တော်က ကိုကို့ရဲ့ ကိုယ်ရံတော်ပဲ"

"အဲ့ဒါက...."

"မငြင်းနဲ့ကိုကို၊ သွားရအောင်"

တွန့်ဆုတ်စွာ ပါလာတဲ့ ကိုကိုဆီက ခြင်းလေးကို လက်ပြောင်းယူရင်း မြင်းလှည်းမောင်းသည့် တာဝန်ယူထားသည့် အားရင်ကိုပေးလိုက်သည်။ YiBo  ဝေါယာဉ်ပေါ် အရင်တက်ပြီး ကိုကို့ကို လက်ကမ်းကာ ဆွဲတင်လိုက်သည်။

"ခေါင်းသတိထား ကိုကို"

လက်ဖဝါးလေးခံကာ ဝေါယာဉ်ထဲ ငုံ့ဝင်စေပြီး YiBoပါ နောက်က လိုက်ဝင်လိုက်သည်။

ဂရုတစိုက်ရှိနေတဲ့ ကျွန်တော်ကို ကိုကိုက ရှိန်နေသလို ဖြစ်နေသည့်အပြင် တစ်ခါတစ်ရံ နွေးထွေးစွာ ပြုံးတက်သည့် အပြုံးလေးက သဘောကျနေကြောင်းလည်း သိသာလေသည်။

နောက်တစ်မျက်နှာ(နောက်တစ်မျက်နှာ)( HIATUS)Tempat cerita menjadi hidup. Temukan sekarang