Next pg_2

564 50 0
                                        

အအေးပိုက်လေးကို အဓိပ္ပါယ်မဲ့ ကိုက်မိနေရင်း အတွေးက လွင့်နေသည်။

ကျွန်တော်မှန်တယ်...ဆယ်နှစ်တာ အချိန်တွေ ကုန်ခဲ့ပြီ၊ ကျွန်တော်ပျော်ရာမှာ နေခဲ့တာ အချိန်တွေ ဖြုန်းခဲ့တာ အတော်ကြာခဲ့ပြီ။

မားးးပြောသလိုပဲ ကျွန်တော်ကိုယ်ပိုင်မိသားစုလေး တစ်ခု ရှိသင့်ပြီ၊ တစ်ဦးတည်းသောသား ကျွန်တော်ကြောင့် မျိုးဆက်ပျက်ပါပြီဆိုပြီး မားးးးတစ်ချိန်လုံး စိတ်ဆင်းရဲခဲ့သမျှက ကျွန်တော် ပြန်သိတက်ရမှာပေါ့။

သူ့ကိုမချစ်ခဲ့လို့လား၊ ဟင့်အင်း သံယောဇဉ် ရှိခဲ့တယ်၊ ချစ်တယ်ဆိုတာ သူ့အနားမှာနေရင် ပျော်ရတာမျိုးလား၊ ဒါဆိုရင်တော့ ကျွန်တော်သူ့ကို ချစ်တယ်လို့ပဲ ဆိုရမှာပေါ့။

ခင်ဗျားတို့ရော ထူးဆန်းသွားလား၊ ကျွန်တော် သူ့အပေါ် ချစ်မချစ် မသိဘူး၊ ဘာလို့ (၁၀)နှစ်တိုင်ခဲ့တာလဲ ဟုတ်လား၊ ကျွန်တော်မှာ အဖြေရှိပါတယ်၊ စစခြင်းက သူ့ကို အမြင်ကပ်လို့ လိုက်ခဲ့တာ၊ ဘယ်အချိန်ကြည့်ကြည့် ဘယ်လိုနေရာမျိုးမှာမဆို တော်လွန်း ထင်းလွန်း ပေါ်လွန်းနေတာ ကျွန်တော်လို အရာရာကို အရွဲ့တိုက်တက်တဲ့သူ မျက်လုံးထဲမှာတော့ ကန့်လန့်ကြီး၊ ဒါကြောင့် ကျွန်တော် လိုက်ခဲ့တာ ရည်းစားတော်ခဲ့တာ၊ မထင်မှတ်ထားလောက်အောင် ကျွန်တော်အပေါ် ကောင်းခဲ့တဲ့သူ့ကို လမ်းခွဲဖို့ နှောင့်နှေးခဲ့တယ်၊ ဒီကြားထဲ ကောင်မလေးတွေ အများကြီးနဲ့ သူ့အရှေ့မှာ တွဲလိုက် ပျက်လိုက်ပါပဲ၊ သူကတော့ အံ့သြဖို့ကောင်းလောက်အောင် ခွင့်လွှတ်ပေးခဲ့တယ်။

ဒါပေမဲ့ ကျွန်တော် ငြီးငွေ့နေပြီ၊ သူ့ကိုလက်လွတ်ပေးဖို့သင့်ပြီဆိုတဲ့ လူသားဆန်တဲ့အတွေး ဝင်လာခဲ့လို့ ကျွန်တော်သူ့ကို ဒီနေ့ ရက်ရက်စက်စက်တွေ ပြုမူပြီး လမ်းခွဲခဲ့တယ်။

ဘယ်သူကထင်မတဲ့လဲ ကျွန်တော်ရင်တစ်ခုလုံးလည်း ကွဲကြေတော့မတက် ခံစားရမယ်ဆိုတာ။

"ကိုကို ကိုကိုလို့"

ဟော ငုတ်တုတ်မေ့တယ်ဆိုတာ ဒါမျိုးကို ခေါ်တာထင်တယ်၊ မားးးးမိတ်ဆက်ပေးတဲ့ ကောင်မလေးကို ရှေ့မှာထားပြီး တစ်ကယ်ကြီး မေ့နေခဲ့တယ်။

နောက်တစ်မျက်နှာ(နောက်တစ်မျက်နှာ)( HIATUS)Où les histoires vivent. Découvrez maintenant