Next Pg_6

194 18 0
                                        

"Xiao အိမ်တော်" ဆိုသည့် ဆိုင်းဘုတ်ကိုမြင်တာနှင့် Wang Yi Bo ရပ်လိုက်သည်။ Xiaoအိမ်တော်ဝန်းက အတော်ကို ကျယ်ဝန်းကာ ယနေ့ မိမိမြင်ခဲ့ရသလောက် Wangအိမ်တော်ဝန်းနီးနီး ကြီးမားသည်။

"ကိုကို ရောက်ပြီ"

"ဟိုလေ ကျွန်တော်ကို Xiao Zhanလို့ပဲ ခေါ်ပါလား၊ ကျွန်တော်က ငယ်သူပဲ"

"နာမည်က အရေးမကြီးပါဘူး၊ ကိုယ့်စိတ်ထဲမှာ ဘယ်လိုသတ်မှတ်ထားတယ်ပဲ အရေးကြီးတယ်၊ ကိုကိုလို့ပဲ ခေါ်မယ်နော်"

ရင့်ကျက်သယောင်ယောင် မျက်နှာက ကလေးဆန်ရိပ်တွေ အပြည့်အဝ လွှမ်းခြုံထားလေသည်။ အိမ်တော်၏ အလိုလိုက်ခံ သခင်လေးမှန်း သိသာလေသည်။

"ရ ရပါတယ်"

ငြင်းရမှာ ဘာကိုမှန်းမသိ ဝန်လေးနေတဲ့အဆုံး သဘောတူလိုက်ရသည်။
နှစ်ဦးသား ဦးညွတ်ကာ နှုတ်ဆက်နေကြတုန်းမှာပဲ လူတစ်စုက ရောက်ရှိလို့လာပါသည်။

"ဟိုမှာ သခင်လေး....သခင်လေး"

အပြေးအလွှား လာနေကြသည့် အုပ်စုကို ကြည့်လိုက်တော့ စုစုပေါင်း(၆)ယောက်။ အနီးရောက်လေတော့မှ ကိုကိုနဲ့ ရုပ်ဆင်သည့်သူကို တွေ့လိုက်မှ Xiaoအိမ်တော်ရဲ့ အငယ်ဆုံး သခင်မလေးမှန်း သိတော့သည်။ သူမသည် ပျာယာခတ်လှစွာပင် ကိုကိုရဲ့ လက်မောင်းနှစ်ဖက်ကို ဘယ် ညာ ဆွဲလှည့်ပြီး ထိခိုက်ဒဏ်ရာ ရမရ ကြည့်လေသည်။

"တော်သေးတာပေါ့ ကိုကိုရယ် ညီမလေးက တစ်ခုခုဖြစ်နေတယ်ထင်လို့၊ မြို့ပြင်ထိတောင် သွားရှာခဲ့သေးတယ်"

"အစ်ကိုChen Wei"

မြို့ပြင်ထိ ညမှောင်မှ မိမိကို ထပ်သွားရှာသည်ဟု ကြားရသောကြောင့် အစ်ကိုChenကို အလန့်တကြား ခေါ်မိလေသည်။

"ကျွန်တော် မကောင်းတာပါ သခင်လေး၊ သခင်မလေးကို မတားလိုက်နိုင်ပါဘူး"

"အာ ရားး ကိုကိုကလဲ Xiaoကတော်က ခွင့်ပြုလို့ သွားတာပါ၊ အစ်ကို Chen weiအပြစ် မဟုတ်ပါဘူး၊ မဟုတ်ရင် ကိုကိုလည်း သိတဲ့အတိုင်းပဲ"

လည်ပင်းပေါ် လက်ဖဝါးစောင်းလေးနဲ့ တိပြကာ ရယ်ပြလေတော့သည်။

နောက်တစ်မျက်နှာ(နောက်တစ်မျက်နှာ)( HIATUS)Onde histórias criam vida. Descubra agora