အနီခံအင်္ကျီရဲ့ အပေါ်မှာ အနက်ရောင် ဝတ်ရုံရှည်ကို ထပ်ဝတ်လိုက်ပြီး ခါးစည်းကြိုးကို စည်းနှောင်လိုက်သည်။
ချည်နှောင်ထားသည့် ဆံနွယ်ရှည်တွေက အနီရောင် အဝတ်ကြိုးကြောင့် သေသပ်နေသည်။
နဖူးပေါ် ဆံစတစ်ချို့ ဝေ့ဝဲကျနေတာက ငယ်ရွယ်မှုကို ထပ်လောင်းထားတဲ့ အလှတရား ဖြစ်လို့နေလေသည်။
"ကိုကို ပြီးပြီလား"
အခန်းပြင်မှ အသံပြဲနှင့် လှမ်းအော်သည့် ညီမဖြစ်သူ Xiao Ying ကြောင့် ပုံဆွဲစက္ကူလိပ်နဲ့ စုတ်တံတို့ကို ပိတ်စအနက်ရောင်ထဲ ထည့်ထုပ်လိုက်ကာ ပုခုံးချိတ် လွယ်လိုက်သည်။
"လာပြီ...."
"သခင်လေး ဖြည်းဖြည်း"
အိပ်ခန်းရဲ့ တံခါးပေါက်ကို ဖွင့်ပြီး ထွက်လာတဲ့ သခင်လေးက အခန်းဝက ဆင့်ကို ခလုတ်တိုက်ပြီး လဲကျမတက် ဖြစ်သွားတာကြောင့် Chen Weiတစ်ယောက် ပြေးထိန်းလိုက်ရသည်။
"ကိုကိုရယ် လဲကျမှဖြင့်... ကိုကို Chen Wei ကူလို့သာပေါ့"
ရင်ဘတ်ကို ဖိကာ စိုးရိမ်တကြီး ပြောလာသည့် ညီမဖြစ်သူ Xiao Yingကို Xiao Zhan မျက်စောင်းထိုးလိုက်သည်။
"အားးးးငါတို့ကိုကိုက ချစ်စရာကြီး"
အရပ်ချင်း မတူညီပေမဲ့ ညီမဖြစ်သူမှာ Xiao Zhan အနားကို အပြေးလာပြီး ပါးနှစ်ဖက်ကို ခုန်ဆွဲကာ အသံကျယ်ကျယ်နဲ့ ပျော်မြူးနေပြန်လေသည်။
ဟင်းးး ဒီကောင်မလေး တောလည်ထွက်ရမယ်ဆိုတာနဲ့ ပျော်နေတော့တာပဲ။
"သခင်လေးလည်း စိတ်မဆိုးတော့နဲ့ ကျွန်တော်တို့ သွားကြရအောင်"
Chen Weiရဲ့ ဆော်သြမှု အဆုံးမှာတော့ သုံးဦးသား မြို့ပြင်က တောင်ကုန်းကို ဦးတည်သွားပါတော့သည်။
______Next page_______
"သခင်လေး မြင်းအဆင်သင့် ဖြစ်ပါပြီ"
"အေး လာပြီ...အားရင် ခဏ"
လှည့်ထွက်လိုက်ပြီ ဖြစ်တဲ့ အားရင်မှာ သခင်လေး Wangကြောင့် ပြန်လှည့်လာရပြန်သည်။
"သခင်လေး ဘာလိုသေးလဲ"
"မြင်းက ဘာလုပ်ဖို့လဲ"
VOCÊ ESTÁ LENDO
နောက်တစ်မျက်နှာ(နောက်တစ်မျက်နှာ)( HIATUS)
FanficZawgyi + Unicode #YiZhan #bl #boylove #fanfiction