Next Pg_7

165 18 0
                                        

Xiao Zhanမှာ အိမ်ကို တစ်ပတ်လုံး တစ်ရက်မပျက် လာနေသည့် Wangသခင်လေးကို အံ့သြနေရပါသည်။ သူတို့က ခင်မှ မခင်ပဲလေ။ ပြီးတော့ Xiao Zhanအနေနဲ့ Wangသခင်လေး လာလျှင် နေရကြပ်ပါသည်။ လူကို တစ်ချိန်လုံး စူးစိုက်ကြည့်နေတာများ Xiao Zhan အရည်ပြား ပါးပါးလေးတွေ ဖောက်ထွက်တော့မတက်။

"သ သခင်လေး...ဟော ဟဲ Wang သခင်လေး လာ ပြီ "

"ငါ ဆေးကုသွားတယ် ပြောလိုက်"

"ပြော ပြီး ပါပြီ ၊ စောင့် နေမယ်တဲ့၊ ဟော ဟဲ ၊ဧည့်သည်ခန်းမှာ ထိုင်နေပါတယ်"

"အေး၊ ငါထွက်မတွေ့ဘူး"

စိတ်တွေ မတရားရှုပ်နေတာမို့ Wangသခင်လေးကိုလည်း ထွက်ဧည့်မခံနိုင်။ ခြေထောက်ကျိုးထားသည့်လူနာကို ဟိုနေ့ကမှ ခွဲစိပ်ပေးထားပြီး၊ ယနေ့ ဆေး(၆)ရက်စာဖော်ကာ ပို့ပေးရမည်။ မိမိ တကယ်ကို မအား။ ဖခင်ကြီးမှာ အနီးနားကရွာကို ဆေးကုသွားတာမို့ ယနေ့အိမ်တွင် မရှိချေ။

"သခင်လေးက ဘာတဲ့လဲ"

"သခင်လေးက မရှိဘူးတဲ့...အဲ.... ညနေမှ ပြန်ရောက်မှာပါ Wangသခင်လေး၊ ပြန်ချင်ရင် ပြန်လို့ရပါတယ်၊ အိမ်တော်မှာ သခင်မလေးတော့ ရှိတယ်ခင်ဗျ"

ရေနွေးခွက်ကိုယူကာ အနည်းငယ် မော့သောက်လိုက်သည်။

"အတော်ကောင်းတဲ့ ရေနွေးပဲ၊ မင်းသခင်လေးကို ကျေးဇူးတင်တယ်လို့ ပြောပေးကွာ"

"ဟုတ်၊ ဟုတ်ကဲ့...အဲ... ပြန်လာရင် ပြောလိုက်ပါ့မယ်"

အယောင်ယောင် အမှားမှား ဖြစ်နေသော အိမ်အလုပ်သမားမှာ တဖန် ပြန်ပြေးသွားပြန်သည်။ သခင်မလေးရှိပါတယ် ပြောတာတောင် မခေါ်ခိုင်းဘူးဆိုတော့ ဒီWang သခင်လေးရဲ့ မိမိတို့Xiao သခင်လေး စိတ်ဝင်စားမှုက အတော်ထူးခြားနေလေသည်။

"သခင်မလေး၊ Wang သခင်လေး ရောက်နေပါတယ်"

အိပ်ဆောင်အရှေ့နားက အသံကျယ်ကျယ်ဖြင့် အော်နေသည့် အလုပ်သမားအသံကို ကြားလိုက်ရသည်။

"သခင်မလေး ဒီအတိုင်း သွားတွေ့မလို့လား"

တွန့်နေတဲ့ ဂါဝန်ကို ဆွဲချကာ ဆံပင်ကို အနည်းငယ် သပ်တင်လိုက်သည်။ အနီးမှာနေတဲ့ ဝမ်ဝမ်က အမေရဲ့ သွေးဝေးတဲ့ ဆွေမျိုးဆိုပေမဲ့ Xiao Yingတို့ မောင်နှမကို ငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့တဲ့ နို့ထိန်းဆိုလည်း မမှားပါဘူး။

နောက်တစ်မျက်နှာ(နောက်တစ်မျက်နှာ)( HIATUS)Nơi câu chuyện tồn tại. Hãy khám phá bây giờ