Tom loved Jerry (မတည့်အတူနေ)
Part 9
UNICODE
ဝမ်ရိပေါ် ဟိုမှာဟိုမှာ ရေညှိ ဒီမှာရော ဒီမှာရော အဲ့မှာရှောင်ရှောင်းကျန့် !!!!
ဝမ်ရိပေါ်သူ့အားကူညီဖော်ပင်မရ မုန့်စားနေရင်းနဲ့ ဟိုတွေရော ဒီတွေရော လက်ညိုးထိုးခိုင်းနေတဲ့ ရှောင်းကျန့်အား အော်လိုက်ခြင်းပင်.............
XZ : ဘာလဲ ဘာလို့ငါ့နာမည်ခေါ်နေတာလဲ အကျယ်ကြီးဘဲ နားတောင်အူသွားပြီ
Yibo : မင်းငါ့ကို မကူညီချင်ရင် ငြိမ်ငြိမ်လေးနေ
XZ : မနေချင်ပါဘူး ဆရာကငါ့ကိုစောင့်ခိုင်းထားတာကို ငါက ဒီတိုင်းထိုင်နေလို့မဖြစ်ဘူး မင်းကိုကြီးကြပ်ရမယ်လေ
Yibo : တော်စမ်း မင်းဉာဏ်နီဉာဏ်နက်များထားတာတွေ ငါမပြောရသေးဘူးနော် ငါပြောလိုက်ရင် ဆရာက ခွင့်လွတ်မလားစောင့်ကြည့်နေ
ထိုအခါမှ ရှောင်းကျန့်ပြာပြာသလဲ ထလာကာ
XZ : အဲ ဝမ်ရိပေါ်မင်းပင်ပန်းနေပြီလား ငါ ကူပေးမယ်လေ ခဏနားလိုက်နော် သူငယ်ချင်းဆိုတာ အချင်းချင်းကူညီပေးရတယ်တဲ့
မင်းက ငါ့ရဲ့သူငယ်ချင်းဆိုတော့ ငါ့ကိုကူညီတဲ့အနေနဲ့ ဆရာ့ကို သွားမပြောပါနဲ့နော်ဝမ်ရိပေါ် အစကတည်းက ပြောဖို့စိတ်ကူးမရှိတာမို့
Yibo : အေးအေး မပြောဘူး ဒါပေမယ့် ဒါကြီးတစ်ခုလုံး ငါတစ်ယောက်တည်းမရှင်းနိုင်ဘူး ကူပေး
XZ : စိတ်ချ ငါကူမယ် ဒါကို သန့်ရှင်းရေးလုပ်ပြီးပြီးလို့ ဆရာ့ကိုပြောလိုက်ရုံဘဲ
Yibo : အင်း ဒါဆိုလည်း ဟိုနားလေးက ညစ်ပတ်နေတဲ့နေရာ သွားရှင်းလိုက် ပြီးရင်အတန်းထဲပြန်ကြစို့
XZ : အိုခေ လို့ပြောကာ ရှောင်းကျန့်ပြေးသွားသည်....ဝမ်ရိပေါ် သက်ပျင်းလေးချမလိုရှိသေး ဗွမ်းကနဲ ဟူသော အသံကိုကြားလိုက်ရသည် ဝမ်ရိပေါ်သွားမကြည့် စပ်စလူး ရေကန်ထဲပြုတ်ကျသွားပြီဆိုတာကို တန်းသိလိုက်ပြီ။သို့သော် ထူးခြားသည်က ဗွမ်းကနဲအသံကြားပြီးတော့ နောက်ထပ် အသံမကြားရခြင်း
ပင် ။
" မဖြစ်ဘူး သွားကြည့်အုန်းမှ ဒီငလူး ရေမကူးတတ်တာတော့ မဟုတ်လောက်ပါဘူးနော် "
မြန်မြန်သွားကြည့်လိုက်တော့
ရှောင်းကျန့် !!!!!!! ( ရေပေါ်တွင်ပေါလောပေါ်နေပါပြီ)ဝမ်ရိပေါ် ရေမြန်မြန်ကူးသွားပြီး ရှောင်းကျန့်အား ဆယ်လိုက်တယ် ။ ပြီးနောက် အသက်ကယ်နည်းမျိုးစုံနဲ့ လုပ်ကြည့်သော်လည်း သတိပင်မရသေး
" မဖြစ်ဘူး နောက်ဆုံးနည်း ဘဲကျန်တော့တယ် "
ဝမ်ရိပေါ် ရှောင့်ကျန့်အား ပါးစပ်ချင်းထိကာ အောက်ဆီဂျင်ပေးလိုက်တယ် ( အဟမ်း First kissလေးပေါ့ )
ခဏနေတော့ ရှောင်းကျန့်သတိရလာတယ်
ရှောင်းကျန့်ဝမ်ရိပေါ်အား တွန်းထုတ်လိုက်ကာ
XZ : မင်း...... မင်း ငါ့ကိုဘာလို့နမ်းတာလဲ
Yibo : ထွီ နမ်းစရာလား ငါအနစ်နာခံပြီး မင်းကိုကယ်ခဲ့လို့ မင်းအသက်ရှင်တာ သိရဲ့လား ( ကလေးကအဲ့လို အနစ်နာခံပေးတာ)
XZ : မင်းကိုဘယ်သူက နမ်းခိုင်းလို့တုန်းး