Tom loved Jerry 20

6.7K 598 13
                                    

Tom loved Jerry ( မတည့်အတူနေ)
Part 20
Unicode
ရှောင်းကျန့်ဝမ်ရိပေါ်အား ယိုင်တိယိုင်နဲ့ နဲ့ တွဲကာအခန်းထဲသို့ခေါ်လာခဲ့သည်။

"ကဲ မင်းအခန်းရောက်ပြီ ဖိနပ်တွေ ချွတ်အုန်း
ဟင့် သူကိုယ်သူတောင်မူးနေတာ ငါဘဲချွတ်ပေးတော့မယ်
ရှောင့်ကျန့် ဖိနပ်တွေချွတ်ပေးပြီး ပြန်မယ်လုပ်တော့ သူ့လက်အား လှမ်းဆွဲပြီး ရင်ခွင်ထဲထည့်တာ ခံလိုက်ရသည်။"

"ငါ မင်းကို ဒီလိုလေးဖတ်ထားချင်ခဲ့တာ မင်းသိရဲ့လား............... " ( အမူးသမားလေသံဖြင့်)

ဝမ်ရိပေါ်အိပ်ရာနိုးတော့ ခေါင်းတွေ တအားကိုက်တာကြောင့် အိပ်ယာပေါ်ကထမယ်လုပ် လက်မောင်းပေါ်မှာ အိပ်နေသူအားတွေ့လိုက်ရသည်။
" ဟင် ညကငါမူးသွားတာလား.... သူမူးသွားတာလား မဟုတ်သေးပါဘူး ငါအများကြီးသောက်လိုက်တာတော့ မှတ်မိပါသေးတယ် ၊နောက်တော့ရော
........ ဟာမမှတ်မိတော့ဘူး.."
ဝမ်ရိပေါ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ရှောင်းကျန့်အား မနှိုးရက်တာကြောင့် လက်မောင်းအောင့်နေပေမယ့် အသာငြိမ်နေလိုက်သည်။ထို့နောက် ရှောင်းကျန့်မျက်နှာနား ခေါင်းလေးအသာတိုးလိုက်ပြီး ဖွဖွလေးနမ်းလိုက်သည်။
" ဒီလိုလေးကျ မင်းက ကလေးလေးလိုဘဲ ချစ်စရာကောင်းတယ် ၊မင်းသာ ငါ့နားမှာ မနက်တိုင်း ဒီလိုလေးရှိနေရင် ဘယ်လောက်ကောင်းလိုက်မလဲ....ဒါပေမယ့် မင်းကလေ အခုချိန်ထိ ကလေးဆိုးလေးဖြစ်နေတုန်း..."

ရှောင်းကျန့်နိုးလာတော့ မျက်စိရှေ့တွင်တွေ့လိုက်ရသူကတော့ သူ့အား အစိမ်းလိုက် ဝါးစားမတတ်ကြည့်နေသည့် ဝမ်ရိပေါ်ပင်
XZ : မင်း.. မင်း ဘာကိစ္စငါ့အိပ်ရာပေါ်ရောက်နေတာလဲ
Yibo : သေချာကြည့်အုန်း ဒါဘယ်သူ့အိပ်ရာလဲ
ရှောင်းကျန့် ညကအကြောင်းပြန်စဉ်းစားလိုက်သည်။
XZ : အင်းဟုတ်သားဘဲ ညကမင်းမူးနေတော့ ငါ့မေ့သွားတာ
Yibo : မူးတာက ငါလေ မင်းကဘာလို့မေ့ရတာတုန်း
XZ : ဟုတ်တယ်လေမင်းခန္ဓာကိုယ်ကြီးကို တွဲပြီး အောက်ထပ်ကနေ အပေါ်ထပ်ကိုတက်လာရတာလေ
ငါမှ မမေ့ရင်ဘယ်သူမေ့ရမှာတုန်း
Yibo : မင်းကို ဘယ်သူကတွဲခိုင်းလို့တုန်း ဒီအတိုင်းဧည့်ခန်းထဲထားခဲ့လည်းရနေတာကို
XZ : စေတနာကို စော်ကားနေတာ နောက်ခါ မင်းဘာသာမင်း ဘယ်လိုပြန်လာလာ ဂရုမစိုက်တော့ဘူး
ရှောင်းကျန့် နှုတ်ခမ်းလေးထော်ပြီး စိတ်ကောက်မလိုလုပ်တုန်း
Yibo : ညကလေ ငါ့ကို ဘယ်သူလာပို့သွားတာလဲ ကျန်းချန်လား
" ဟမ် ညက သူ့လိုက်ပို့တဲ့သူတောင် မမှတ်မိဘူး
လား ဒါ... ဒါဆို သူပြောသမျှ စကားတွေလည်းမမှတ်မိဘူးပေါ့ "
ရှောင်းကျန့် ထပ်ဆင့်ဒေါသတွေ အလိပ်လိုက်တက်လာရတော့သည်
XZ : မင်းကိုလိုက်ပို့တဲ့သူတောင် မမှတ်မိတော့အောင် မင်းကအရူးလား!!
Yibo : ဘာလို့ ငါ့ကိုလာအော်နေတာလည်း ငါကမူးရင် ပြောချင်ရာပြော ၊ လျှောက်သွားချင်ရာသွားတာ
ဝမ်ချင်တောင်သိတယ်
XZ : ဘာ ဝမ်ချင်တောင်သိတယ်ဟုတ်လားး မင်းသူ့ရှေ့မှာ မူးခဲ့တာလားး
Yibo : အင်းလေ ငါတို့ ပြင်သစ်မှာ ကျောင်းတက်တော့ တရုတ်လူမျိုးသူငယ်ချင်းဆိုလို့ သူဘဲရှိတာကို

Tom loved Jerry (complete)Where stories live. Discover now