Tom loved Jerry ( မတည့်အတူနေ)
Part 8
UNICODE
ဝမ်ရိပေါ် ရှောင်းကျန့်အိမ်တွင်ပြောင်းနေသည်မှာ တစ်ပတ်လောက်ပင်ရှိလေပြီ"ရှောင်မာမားရဲ့ နွေးထွေးတဲ့မေတ္တာကြောင့် ကျွန်တော်ပျာ်ရတယ် ၊အရင်လို အထီးကျန်ဆန်တာမျိုးတွေမရှိ။ လူတိုင်းက ကျွန်တော်ထင်သလိုမဟုတ်ကြောင်းလည်း သိရပြီလေ ။ အရာအားလုံးက အဆင်ပြေပေမယ့် အဆင်မပြေတာတစ်ခုဘဲရှိတယ်၊ အဲ့တာက ရှောင်းကျန့်ပါ ကျွန်တော်ရောက်ပြီးတဲ့နေ့ကစလို့ တစ်နေ့တခြား အပျင်းကြီးလာသူပင်၊
ရှောင်းမာမားမရှိတဲ့အချိန်ပိုဆိုး နေရာတကာ ဗိုလ်ကျနေတဲ့သူကြီးပင်
ဗိုလ်ကျတာမခံလျှင် စာတွေလုပ်ခိုင်းပါတယ် တစ်ခါတစ်လေ သင်ပြီးသမျှစာတွေ မပြီးမချင်းတွက်ခိုင်းတယ် မပြီးရင်မအိပ်ရဘူးတဲ့ သူ့ကိုပြန်ခံပြောလျှင်လည်း အိမ်သာဟူသော စကားလုံးကို ပါးစပ်ကမချ ၊ တကယ်တော့ အိမ်သာဆေးရမည်ကို ကျွန်တော်မရွံပါ သူရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှုလေး ပျက်သွားမည်ကိုစိုး၍သာ ကြောက်ချင်ယောင်ဆောင်နေရသည် ဒီနေ့လည်းဘာတွေပေါက်ကရလုပ်ခိုင်းအုန်းမယ်မသိ "
ပြောရင်းဆိုရင်းထွက်လာသူကတော့ရှောင်းကျန့်ပင်
XZ : ကျောင်းသွားကြစို့
Yibo : ဘယ်မှာလည်း မင်းစက်ဘီးး
XZ : ငါစက်ဘီးမယူတော့ဘူး မင်းနဲ့လိုက်မယ်လို့ဆုံးဖြတ်လိုက်ပြီ
Yibo : ဒီနေ့ဘဲနော် နောက်နေ့မရဘူးး
XZ : ဘာလဲ ငါက နေ့တိုင်းလိုက်ဖို့ဆုံးဖြတ်လိုက်တာကွ
Yibo : ဘာ !!
XZ : ဘာတွေလုပ်မနေနဲ့ သွားကြစို့နောက်ကျလိမ့်မယ်..............................................................ကျွီ !!!! (စီးလာတဲ့စက်ဘီးလေးဟာဆိုရင်ဖြင့် ဘီးပေါက်သွားတော့သည် )
XZ : ဝမ်ရိပေါ် ! မင်းစက်ဘီးကိုသေချာကြည့်မမောင်းဘူးလား ဘီးပေါက်သွားပြီ ဘယ်လိုလုပ်မလဲ
Yibo : မသိဘူးလေ မင်းခန္ဓာကိုယ်က လေးလွန်းလို့ ငါ့စက်ဘီးလေးပေါက်သွားတာနေမှာပေါ့တကယ်တော့ ဝမ်ရိပေါ်ဆိုသည်မှာ သူ့အားအနိုင်ကျင့်နေတဲ့ရှောင်းကျန့်အားပညာပေးချင်လာကာ
လမ်းတွင်ရှိနေသော ခဲလုံးမှန်သမျှ အဆူးအချွန်မှန်သမျှ လိုက်တက်နင်းနေခြင်းပင် နောက်ဆုံးတော့ သူ့ဆန္ဒပြည့်ဝသွားပြီ........................................
"ဘာတတ်နိုင်သေးလဲ ရှောင်ရှောင်းကျန့်ရေ"