Tom loved Jerry ( မတည့်အတူနေ)
Part 10
UNICODEရှောင့်ကျန့်အိပ်ရာကနိုးတော့
XZ : ဟမ် ငါစာကျက်နေတာမဟုတ်ဘူးလား
နေတောင်ဖင်ထိုးနေပြီ ဝမ်ရိပေါ်ငါ့ကိုမနှိုးဘူးကြည့်စမ်း
ရှောင်းကျန့် အောက်ထပ်ဆင်းသွားတော့ မားနဲ့ မနက်စာပြင်နေတဲ့ ဝမ်ရိပေါ်အားတွေ့လိုက်ရတော့ အလိုလို စိတ်ဆိုးပြေသွားသည်။
" သူတော်တော်ချောတာဘဲ ခုမှကြည့်မိတယ် "ဝမ်ရိပေါ် ဆင်းမလာဘဲလှေကားပေါ်ကနေ သူအားလှမ်းကြည့်နေသော ရှောင်းကျန့်ကို ပြုံးပြကာ
Yibo : Morning မြန်မြန်လာစား
XZ : မင်းငါ့ကိုဘာလို့မနှိုးတာလဲ ကျောင်းနောက်ကျတော့မှာဘဲ
Yibo : အေးဆေးလုပ် ငါဆိုင်ကယ်နဲ့သွားမှာ
XZ : ဝါး ကောင်းလိုက်တာ မနေ့ကတည်းက အဲ့လိုသွားရင် ကျောင်းနောက်ကျမှာမဟုတ်ဘူး
မား : စကားမများနဲ့ စားကြတော့ ပြီးတော့ လမ်းမှာဂရုစိုက်မောင်း
Yibo : ဟုတ် မားးကျောင်းရောက်သောအခါ
ကျောင်းသားများ : ဝါး ဝမ်ရိပေါ်နဲ့ရှောင်းကျန့်က မနေ့က စက်ဘီးတစ်စီးတည်းနဲ့တူတူလာတာကွ
ဒီနေ့ကျ ဆိုင်ကယ်ဖြစ်သွားပြီ လာကြည့်ကြဟေ့.....
.............................................................................ရှောင်းကျန့် အခန်းထဲတောင်မဝင်ရသေး လူအုပ်ကြီးက သူတို့နှစ်ယောက်ဘက်လာကာ အထူးအဆန်းကဲ့သို့ကြည့်နေသည်
ရှောင်းကျန့် ခပ်ရှက်ရှက်ဖြစ်နေသော်လည်း ဝမ်ရိပေါ်ကမူ ခပ်တည်တည်ဖြင့် သူ့လွယ်အိတ်ပါလွယ်ပေးထားပြီး အခန်းထဲဝင်သွားတော့သည်
"သူဘာဖြစ်နေတာလဲ လွယ်အိတ်တွေဘာတွေတောင်လွယ်ပေးလို့ ငါ့ဘာသာကိုင်လည်းရနေတာကို"...
............................................................................
.............................................................................ဝမ်ရိပေါ်တစ်ယောက် တစ်နေ့တစ်ခြား ရှောင်းကျန့်အား ဂရုစိုက်လာမှုမှာ ပိုသထက်ပိုလာခြင်းပင်
ထိုအဖြစ်ကို ရှောင်းကျန့်မှတစ်ပါး ကျောင်းရှိလူအားလုံးသိကြသည်။ကျန်းချန် :ဝေ့ ရှောင်းကျန့် ဟိုမှာ ဝမ်ရိပေါ်မင်းကိုကြည့်နေတယ်
XZ : ကြည့်မှာပေါ့ ဒါသူ့နေရာလေ မင်းလည်းမင်းနေရာသွားတော့ အတန်းစတော့မယ်
ကျန်းချန် : မင်းဆိုသည်မှာလည်း အရိပ်သုံးပါးကိုနားမလည်ဘူး မပြောတော့ဘူး ဒါနဲ့သူစာတော်လာတယ်နော် အရင်တစ်ပတ်က top ten ထဲတောင်ဝင်တယ်
XZ : အဲ့တာ သူတော်လို့မဟုတ်ဘူး ငါတော်လို့ ငါရဲ့
သင်ကြားပြသမှုတွေကြောင့်
ကျန်းချန် : မင်းဟာလေ တော်တော်ဘဝင်မြင့်တဲ့ကောင် အမြင်ကိုကပ်တယ်
XZ : အမြင်ကပ်ရင် ငါနဲ့စကားလာမပြောနဲ့ သွားးး