Tom loved Jerry ( မတည့်အတူနေ)
Part 18
Unicode
ရှောင်းကျန့် အဖြူရောင်သတို့သားအင်္ကျီလေးကို မဝတ်ကြည့်မှီ ဈေးနှုန်းကို အရင်ကြည့်လိုက်တယ်.........
XZ : ဝါးးး ဝမ်ရိပေါ် တော်တော်ပိုက်ဆံဖြုန်းတဲ့ကောင်ဘဲ ဒါလေးတစ်ထည်ကို သိန်းချီတန်တယ်
မဖြစ်ဘူး မဖြစ်ဘူး ငါမဝယ်အောင်ပြောရမယ်
ရှောင်းကျန့်တစ်ယောက် အပြင်ကိုပြန်ထွက်လာခဲ့သည်။
Yibo : ဘာလဲ မဝတ်ခဲ့ဘူးလား
XZ : ငါသိပ်မကြိုက်ဘူး
ရှောင်းကျန့် ဈေးနှုန်းလေးကို လက်ညိုးထိုးပြနေတော့ ဝမ်ရိပေါ်သဘောပေါက်လိုက်ပါပြီ.........
ရိပေါ် ရှောင်းကျန့်လက်တစ်ဖက်ကို ဆွဲကာ အဝတ်လဲခန်းထဲ ပြန်ထည့်လိုက်တယ်။
XZ : ဘာလုပ်တာလဲ
Yibo : ဝတ်ကြည့် ငါ့ပိုက်ဆံနဲ့ဝယ်ပေးမှာမို့
XZ : ဝမ်ရိပေါ် အပိုင်ဝယ်စရာမလိုပါဘူးကွာ ငါတို့တခြားနေရာက သွားဌားရအောင်လား
Yibo : တော်စမ်း ငါ့မင်္ဂလာပွဲကို အပေါစားဖြစ်အောင်မလုပ်နဲ့
XZ : ပြီးတာဘဲ ပြီးမှငါ့ထဲက အကြွေးလာမတောင်းနဲ့နော်
Yibo : ဘယ်တုန်းကတောင်းဖူးလို့လဲ
XZ : တောင်းမှာစိုးလို့ ကြိုပြောထားတာ
ရှောင်းကျန့် တံခါးပြန်ပိတ်လိုက်ပြီး့ထိုအင်္ကျီလေးကို ဝတ်ကြည့်လိုက်တော့သည်။ခဏနေတော့.....XZ : လိုက်လား
Yibo : လိုက်တယ် ဒါဘဲယူလိုက်တော့
XZ : အဟက် အခုမှကြည့်မိတယ် မင်းလည်းလိုက်တယ်
Yibo : ငါက အကုန်လုံးနဲ့လိုက်တယ်
XZ : စလာပြန်ပြီ ဒီဘဝင်ရူးကတော့
ရိပေါ် ဘယ်အချိန်တုန်းက ယူပေးထားမှန်းမသိတဲ့ နက်ကတိုင်လေးကို ရှောင်းကျန့်အရားကပ်ကာ ချည်ပေးနေသည်။
XZ : ငါလုပ်လိုက်မယ်လေ
Yibo : မလိုဘူး ငါလုပ်တတ်တယ်
XZ : မင်းလုပ်တတ်တာတော့ သိတာပေါ့ ဟိုမှာ ကြည့်နေကြတာကို
ဆိုင်ဝန်ထမ်းကောင်မလေးတွေ အနားကပ်လာကာ
" ဝါးး ချောလိုက်ကြတာရှင် တစ်ယောက်ကဆွဲဆောင်မှုရှိပြီး တစ်ယောက်ကချစ်စရာလေးဟယ်
ဘယ်လိုတွေတောင် လိုက်ဖက်တဲ့ စုံတွဲတွေပါလိမ့်.."
ရှောင်းကျန့် မျက်နှာကြီးနီရဲပြီး ရှက်နေသော်လည်း
ဝမ်ရိပေါ်ကတော့ မပြုံးစဖူး ပြုံးနေလေရဲ့....
" ဒီကောင် စုံတွဲလို့အပြောခံရတာကို ကြိုက်နေတာလားမသိဘူး... "
Yibo : ဒီဝတ်စုံတွေယူလိုက်မယ်နော် ခနနေရင်တော့ ကျွန်တော့်အတွင်းရေးမှူး လာယူလိမ့်မယ်
XZ : ငါတို့ဘာသာ ယူလည်းရတယ်လေ
Yibo : မရဘူး ငါသွားစရာရှိသေးတယ်
XZ : အေးပါကွာ ဒါဆိုလည်း အင်္ကျီသွားလဲလိုက်အုန်းမယ်
Yibo : အင်း