Tom loved Jerry ( မတည့်အတူနေ)
Part-28
Unicode
ရှောင်းကျန့် ကားပေါ်မှာကတည်းက ကလပ်ရောက်ရင် သောက်မယ် ၊စားမယ်၊ကမယ်နှင့် စိတ်ကူးတွေယဉ်ကာ ပျော်နေပြီဖြစ်သည်။ဘေးနားကကားမောင်းနေတဲ့ ကိုကို့ကိုကြည့်ကာသူ့အလိုကျ လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်နေမိသည်။ကိုကို့အကြံအစည်တွေကိုတော့ သူမသိခဲ့ပေ။
ကလပ်ရှေ့ရောက်တော့ လူတစ်ယောက်မှ မရှိသည်ကို သူသတိထားမိသည်။ သို့သော် ကိုကို့အကြံအစည်မှန်းသူမရိပ်မိသေးပေ။
ကလပ်ထဲဝင်လိုက်တော့မှ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် သူသေချာကိုသိလိုက်ရပါပြီ၊ဒါဟာ ကိုကို့အကြံဘဲဖြစ်ရမယ်။
XZ : ကိုကို မင်းကိုငါ ကလပ်သွားမယ်လို့ပြောတာလေ၊ သူတို့ကိုခေါ်ခိုင်းလို့လား
ကလပ်ထဲတွင် ရောက်နေသူများက ရှောင်းကျန့်ရဲ့ ချစ်လှစွာသော တပည့်လေးလေးယောက် ၊ဝမ်ချင်နှင့် ယန်ယန်းတို့ပင်။
Yibo :ကိုကို သေချာစဉ်းစားလိုက်တော့ မင်းတို့ဌာနက ယန်ယန်းတို့ကုမ္ပဏီနဲ့ ပူပေါင်းပြီးထုတ်တဲ့အလှကုန်က အခုဆို လူအများစိတ်ဝင်စားတဲ့ product တစ်ခုဖြစ်နေပြီလေ။
ဒါကြောင့်ကိုကိုက ဒီလိုလေး စီစဉ်လိုက်တာ။
XZ : ဟင့် ငါက လက်တွေ့ကျတဲ့ ကလပ်တက်ချင်တာ
ဝမ်ချင် : ကဲ နင်တို့လင်မယား နောက်မှကောက်တော့ အခု ငါတို့ပွဲလေးလုပ်ကြစို့
XZ. : ကိုကိုမင်းမှတ်ထားနော် ငါမူးအောင်သောက်ပြီး မင်းကိုရစ်ပြမယ်.....
Yibo :ကြိုက်သလောက်ရစ်ဗျာ
စစ်ကျွေး : ကဲ let go DJ .......................
...............................................................
ရှောင်းကျန့် တွေ့သမျှ ဝိုင်တွေသောက်ပြီး ထကနေလိုက်တာ အမြင်မကောင်း ၊တခြားသူများကို ကြည့်တော့လည်း သူမသာ ကိုယ်မသာ ကနေလေရဲ့။ထိုအထဲတွင်အရက်ဒဏ် ခံနိုင်သူက ဝမ်ရိပေါ်နဲ့ ဝမ်ချင်သာဖြစ်သည်။
ဝမ်ချင် : ဝမ်ရိပေါ်ရေ ငါတို့ဒီဟာလေးတွေ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လောက်မှလဲ မသောက်ရသေးဘဲ အမူးလွန်နေကြပြီဟ
Yibo : ငါကတော့ ငါ့ဟာလေး ဆွဲပြီး အိမ်ပြန်တော့မယ်
ဝမ်ချင် : ဟဲ့ဟဲ့ ငါ့ကို ဒါတွေနဲ့ ထားသွားမလို့လား
Yibo : နင်အတွင်းရေးမှူးဘဲလေ ကိုယ့်ဘာသာကြည့်လုပ်
ဝမ်ချင် : အေးဟုတ်တယ် ငါက အတွင်းရေးမှူးလေ
ဒါပေမယ့် နင့်ရဲ့သူငယ်ချင်းပီပီ ငါ့ဟာလေးကို သွားဆွဲပြီ။
ဝမ်ချင်း ပြောပြီးပြီးချင်း ထိုင်နေရာကထကာ ယန်ယန်းအားသွားဆွဲလေတော့သည်။
Yibo : ငါလည်း ငါ့ဟာဘဲဆွဲမှာ တစ်ပြားမှ မလျှော့ဘူး ဆောဒီးဘဲ.....
ကဲ ရှောင်းကျန့်လေး ကလို့လည်း ဝရောပေါ့ ပြန်ကြရအောင်နော်
XZ. : ဟာ မပြန်ချင်ဘူးလေ ဒီမှာကနေတယ် မမြင်ဘူးလား
ယိုင်တိယိုင်တိုင်လေးနဲ့ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်လုပ်နေတဲ့ရှောင်းကျန့်အား ဝမ်ရိပေါ် လိုက်ဖမ်းနေရသည်။
Yibo : ဒီအမူးသမားလေး ငါ့ကိုတော့ ရှောင်နိုင်သေးသား ဘယ်ရမလဲ ငါ့ပညာတွေ ပြရတော့မှာပေါ့
ဝမ်ရိပေါ် ပေါ်ပေါ်ဆိုဆိုပင် ဖမ်းလိုက်ရာ လက်ကလေးဖမ်းမိသွားတယ် ၊ ဖမ်းမိသွားတဲ့ လက်ကလေးကို အသားကုန် ဆွဲလိုက်တော့ ခန္ဓာကိုယ်လေးပါလာပြီလေ။ အလျင်အမြန်ဘဲ ကောက်ချီလိုက်ပြီး အမူးသမားလေးကို ပခုံးပေါ်တင်ကာ ထွက်လာတော့သည်။ ( ပခုံးပေါ် ထမ်းလာတာကိုပြောတာပါနော်)
XZ :အား လေပေါ်မှာကရတာဘယ်လောက်ကောင်းလဲ ၊ ဟင့် ဒါဘယ်သူ့ ကျောကုန်းကြီးလဲ
Yibo : အား မကိုက်နဲ့လေ ရှောင်းကျန့်လေးရဲ့
XZ. : သီချင်းသံက မကြားရတော့ဘူး ဘာလို့လဲ
Yibo : အော် DJ သမားက သီချင်းအသစ်ဖွင့်ပေးမလို့တဲ့ အဲ့တာကြောင့် ခဏရပ်သွားတာ
XZ : ဟင့် DJ ကောကော မြန်မြန်ဖွင့်ပေးတော့လေ
ဒီမှာ ကချင်နေပြီ
Yibo : DJ သမားကိုများ ကိုကိုတဲ့ မင်းကို ဘယ်သူကခေါ်ခိုင်းလို့လဲ အိမ်ရောက်မှ အပြစ်ပေးရအုန်းမယ်.....................................................................
..........................................................................
ဝမ်ချင် ယန်ယန်းကိုခေါ်ခဲ့ပေမယ့် အိမ်လိပ်စာလည်းမသိတာကြောင့်မိမိအိမ်မှာသာ သိပ်ရန် အိမ်သို့ခေါ်လာခြင်းဖြစ်သည်။
ဝမ်ချင် : အားး လေးလာလိုက်တာ၊ဒီကောင်မလေး ဝိတ်တွေတက်နေပြီ GYM လိုက်ပို့ရအုန်းမယ်
ယန်ယန်း : မား ချစ်တယ်နော်
ယန်ယန်း ဝမ်ချင်အား တအားဖက်ကာ ဖက်နမ်းလိုက်သည်။
ဝမ်ချင် : ဟဲ့ ငါမင်းရဲ့မား မဟုတ်ဘူး သတိထားအုန်း
ဝမ်ချင် ပြောလိုက်တော့ ယန်ယန်း အားယူပြီး မျက်လုံး ဖွင့်ကြည့်လိုက်သည်။ထို့နောက် မူးသမားလေးသံလေးနဲ့ တစ်လုံးချင်းအားယူပြီးပြောလိုက်တယ်။
ယန်ယန်း : အော် ဒါလေးကဘယ်သူပါလိမ့်လို့ ချစ်ရတဲ့ မမပါလား၊ နေပါအုန်း မမကရော ဒီညီမလေးကိုချစ်ရဲ့လားပြော
ဝမ်ချင် : မမပြောထားတယ်လေ ချစ်တယ်ဆိုတဲ့စကားကို လွယ်လွယ်မသုံးရဘူးလို့
ယန်ယန်း : ဘယ်မှာသုံးလို့လဲ အကိုပြီးရင် မမတစ်ယောက်တည်းကိုဘဲ ပြောဖူးတာကို
ဟွန့် မမကညီမလေးကို မချစ်ဘူး ဗြဲ.......
ဝမ်ချင် : ဒါဆို မင်းငါ့ကို ချစ်တယ်ပေါ့လေ
ယန်ယန်း : အွန်း အများကြီး ချစ်တာ
ဝမ်ချင် : မမလည်း ချစ်တယ်ကွာ..........................
...............................................................
ရှောင်းကျန့် အိပ်ရာကနိုးတော့ တစ်ကိုယ်လုံးကိုက်ခဲနေပြီဖြစ်သည်။ ညက သောက်ထားတဲ့ အရှိန်ကြောင့် ခေါင်းကိုက်နေသော်လည်း ခါးအောက်ပိုင်းနားက ဒီထပ်ကိုက်ခဲနေလေပြီ။
" သေနာကြီး မူးနေတုန်း အခွင့်ကောင်းယူသွားသေးတယ် အားကျွတ်ကျွတ်......"
ရှောင်းကျန့် ကွတကွတနဲ့ ရေချိုးခန်းထဲ ဝင်သွားသည်။
" ဝမ်ရိပေါ် !!!!!!"
ဝမ်ရိပေါ် အိပ်နေရာကနေ လန့်ဖြန့်ကာ ရှောင်းကျန့်အော်ခေါ်ရာ အပြေးသွားလိုက်သည်။
Yibo : ဘာ ဘာဖြစ်တာလဲ ရှောင်းကျန့်လေး
XZ. : ကြည့်အုန်း ဒါဘယ်သူ့လက်ရာလည်း
ဝမ်ရိပေါ် ရှောင်းကျန့် လက်ညိုးထိုးရာကိုကြည့်လိုက်သည်။ ထို့နောက် မိမိကိုယ်ကို ဂုဏ်ယူနေတဲ့မျက်နှာဖြင့်
Yibo : ဘယ်သူရှိရာမှာလည်း မင်းရဲ့ကိုကို့လက်ရာပေါ့
XZ. : ဝမ်ရိပေါ် မင်းအဲ့လောက် လက်သရမ်းရလား
ဝမ်ရိပေါ် စိတ်မရှည်စွာ ရေချိုးခန်းထဲ ဝင်လာလိုက်သည်။ ထို့နောက် ရှောင်းကျန့်လက်နှစ်ဖက်ကို လက်တစ်ဖက်နဲ့ချုပ်ကာ ကျန်လက်တစ်ဖက်ဖြင့်
ထပ်ရိုက်လိုက်သည်။
Yibo : ဝမ်ရိပေါ်လို့ခေါ်ပြန်ပြီလား ရှောင်ရှောင်းကျန့်လေး ဒါလည်းကောင်းသား အခုဆို မင်းရဲ့ မက်မွန်သီးနှစ်ဖက်လုံး ပြည့်သွားတာပေါ့
XZ : ငါမင်းကို မခေါ်ဘူးသွား နောက်ကလိုက်မလာနဲ့နော်
ဝမ်ရိပေါ် ကွတကွတလေး ထွက်သွားသော ရှောင်းကျန့်အားကြည့်ကာ ရယ်လျက် ကျန်ခဲ့တော့လေသည်။
" မင်း စိတ်ကောက်တာကို ငါနေသားကျနေပါပြီကွာ......................"