Tom loved Jerry ( မတည့်အတူနေ )
Part 16
Unicode
Yibo : တောက် !!!
မင်းက သူ့ကို ဘာပြောပိုင်ခွင့်နဲ့ပြောရတာလည်း
အားထန် : စီ.... စီအီးအို ကျွန်တော်က ဖြစ်သင့်တာကို ပြောပြတာပါ စိတ်မဆိုးပါနဲ့ သူတို့ဌာနက တကယ်ဘဲ ကျွန်တော်တို့ဌာနကို ယှဉ်နိုင်တာမှ မဟုတ်တာ
Yibo : တိတ်စမ်း !! ငါက မင်းကိုအဲ့တာပြောနေတာမဟုတ်ဘူး မင်းရှောင်းကျန့်ကိုပြောလိုက်တဲ့ စကားတွေကိုပြောနေတာ
မင်းက ရှောင်းကျန့်ကို ယှဉ်နိုင်တယ်ထင်နေတာလား
ရှောင်းကျန့်ကို ငါက ရာထူးလျှော့ချလိုက်တာက သူ့အရည်အချင်းကြောင့် လျှော့ချတာမဟုတ်ဘူး ၊
ငါဆန္ဒတစ်ခုကြောင့်သာ လျှော့ချလိုက်တာ ၊နောက်တစ်ခါ မင်းသူ့ကို ရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောကြည့် မင်းအလုပ်ပြုတ်ပြီသာမှတ် အခုသွားတော့....
အားထန် : ဟုတ်ညနေ ၆ နာရီထိုးတော့ ကုမ္ပဏီအလုပ်ဆင်းချိန်ရောက်ပြီလေ
XZ : ကဲ အလုပ်ဆင်းကြတော့
ဟွိုက်ဆန်း : ဟုတ်
XZ : ဒါမျိုးဆို မင်းက ရှေ့ဆုံးကနော်
ကျိုးချန် : အဲ့ကောင်အလန်းဆန်းဆုံးအချိန်က ဒီအချိန်ဘဲလေ
ဟွိုက်ဆန်း : ဟီးဟီး အားလုံးဘဲ တာ့တာနော်
XZ : စစ်ကျွေးနဲ့ကျင်းလင်ရော မပြန်သေးဘူးလား
စစ်ကျွေး : ဟုတ် ခဏနေပြန်မှာအကို အရောင်းစာရင်းလေးတွေ အပြီးသတ်လိုက်အုန်းမယ်
XZ. : မင်းတို့ကြိုးစားတာမြင်တော့ အကို တကယ် စိတ်ချမ်းသာတယ် ၊ ဒါပေမယ့် မနက်ဖြန်ကြိုးစားဖို့လည်း အားတွေချန်ထားအုန်း စောစောပြန် နောက်မကျစေနဲ့နော်
ကျင်းလင် : ဟုတ် အစ်ကို...........ရှောင်းကျန့် အိမ်ပြန်တဲ့လမ်းမှာ သေချာစဉ်းစားနေတယ်.....
" ငါတစ်ယောက်တည်းရဲ့အားနဲ့ ငါဘယ်လိုမှ ကယ်တင်လို့မရဘူး ဟုတ်တယ်ငါ့မိသားစုအတွက် ပြီးတော့ သူတို့လေးတွေအတွက် ငါဝမ်ရိပေါ်နဲ့ စာချုပ်ချုပ်လိုက်မယ်... သူငါ့ကို ဘယ်လိုဘဲ အနိုင်ကျင့်ကျင့် ငါသည်းခံလိုက်မယ် ၊ သုံးနှစ်တည်းပါ သုံးနှစ်ဆိုတာ ခဏနဲ့ြ့ပီးသွားမာ ဟုတ်တယ် ၊ အခု ဝမ်ရိပေါ်ဆီ သွားရမယ်........"
ရှောင်းကျန့် ဝမ်ရိပေါ်ရှိရာ CEO ရုံးခန်းသို့ နောက်တစ်ကြိမ် ပြန်လှည့်လာခဲ့တယ်
ဒေါက် ဒေါက်...
Yibo : ဝင်လာခဲ့
Yibo : မင်းဆုံးဖြတ်ပြီးလို့ လာတာလား
XZ : အင်း ငါဆုံးဖြတ်ပြီးပြီ ငါနည်းအမျိုးမျိုးနဲ့ စဉ်းစားကြည့်သေးတယ် ဒါပေမယ့် ဒီနည်းလမ်းကဘဲ ငါတို့မိသားစုရဲ့အိမ်လေးကို ကယ်တင်နိုင်တော့မှာ
Yibo : အိုခေ ဒါဆို ငါနဲ့လိုက်ခဲ့
XZ : ဟမ် နေအုန်းလေ ဘာလို့ချက်ချင်းကြီးလဲ ပါးနဲ့မားကို အရင်ပြောရမယ်လေ
Yibo : အင်းလေ မင်းပါးနဲ့မားကို ပြောဖို့ စီစဉ်စရာရှိတာ စီစဉ်ရမှာပေါ့
XZ : နေအုန်း မင်းသူတို့ယုံအောင် ပြောနိုင်ပါ့မလား
Yibo : ငါ မလုပ်နိုင်တာ ဘာမှမရှိဘူး
XZ : အေ့ပါကွာ အခုတော့မင်းကပြောပြီပေါ့လေ
Yibo : မဟုတ်လို့လား
XZ. : ဟုတ်တယ် ဟုတ်တယ် မင်းကအတော်ဆုံး perfect အဖြစ်ဆုံးဘဲ
ရှောင်းကျန့်ရွဲ့ပြောနေပေမယ့် တစ်ဖက်က ဝမ်ရိပေါ်ကတော့ မျက်နှာကြီး ပြုံးဖြီးလို့ကိုယ့်ကိုယ်ကို ဂုဏ်ယူနေလေရဲ့..................
Yibo : နေအုန်း ငါ့ပါးကို ဖုန်းဆက်လိုက်အုန်းမယ်
XZ : ငါတို့နှစ်ယောက်တည်းသွားလည်းရတာဘဲကို
Yibo : မဖြစ်ဘူး ငါ့ပါးက ငါ့ကိုမိန်းမပေးစားနေတာ သူ့ကိုပါ ပေးသိမှဖြစ်မယ်
XZ : မင်းကို ဘယ်သူနဲ့ပေးစားနေလို့လဲ
Yibo : မနက်က မင်းနဲ့တွေ့တဲ့တစ်ယောက်လေ
XZ : ဟင် သူကချောပါတယ်ဟ မင်းကဘာလို့်မယူချင်တာလဲ
Yibo : မလိုချင်လို့ပေါ့ ပြီးတော့ ငါလိုချင်တဲ့သူရှိပြီးသား
XZ : ဘယ်သူလဲ မင်းနဲ့ငါနဲ့ပေါင်းလာတာ ငယ်ငယ်ကတည်းကကို ငါကဘာလို့မသိရတာလဲ
Yibo : မင်းက ငတုံးမို့မသိတာလေ
XZ. : မင်းငါ့ကို ငတုံးလို့ခေါ်ပြန်ပြီလား
Yibo. : ခေါ်တော့ဘာဖြစ်လဲကွာ
ဝမ်ရိပေါ် လျှာထုတ်ပြောင်ပြတော့ ရှောင်းကျန့်လိုက်ရိုက်နေတယ် ၊ရုံးခန်းထဲမှာတော့ သူတို့အသံတွေနဲ့ပြည့်နေလေရဲ့
" မင်းမပြေးနဲ့ အခုရပ် ဝမ်ရိပေါ် !!!"
စစ်ကျွေး : ဟဲ့ကျင်းလင် အသံတွေကြားနေရတယ်
ကျင်းလင် : အေး ငါရော CEO အခန်းဘက်ကထင်တယ်
စစ်ကျွေး : လာ လာ သွားကြည့်ရအောင် CEO လုပ်ကြံခံနေရတာများလားး....