Tom loved Jerry ( မတည့်အတူနေ )
Part 26
Unicode
ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့၏ မင်္ဂလာရက်မြတ်လေးကျရောက်လို့လာပါပြီ။ရှောင်းကျန့် ပြင်ဆင်ပြီးတော့ မင်္ဂလာပွဲအချိန် ရောက်ဖို့လိုနေသေးတာကြောင့်
အခန်းထဲတွင်သာ ထိုင်စောင့်နေသည်။ဝမ်ရိပေါ်တစ်ယောက် ဘာတွေအလုပ်ရှုပ်နေမှန်းမသိ၊မိမိအား လာမတွေ့သေးပေ။သာမန်ပွဲတွေမှာတောင် သတိုးသားက သတိုးသမီးကို တစ်ခါလောက်တော့ လာကြည့်သေးတယ်မဟုတ်လား ၊ကိုယ့်ယူမယ့်သူကိုလှကြောင်းပကြောင်းချစ်ကြောင်းတော့ ပြောကြသေးတယ်မလား၊အခုတော့ပြောဖို့ဝေးသေး ပေါ်မလာသောတစ်ယောက်ကြောင့် ရှောင်းကျန့်စိတ်တွေတိုနေပြီဖြစ်သည်။
XZ :ဘာလုပ်နေလို့ ငါ့ကိုလာမကြည့်ရတာလဲ အသုံးကိုမကျဘူး !
ပြောရင်းဆိုရင်း ဝမ်ရိပေါ် ရောက်ချလာတာကြောင့် ရှောင်းကျန့် ပါးစပ်ကို ပဒိတ်အုပ်လိုက်ရတယ်။
Yibo : ခုနက တစ်ယောက်တည်း ဘာတွေပြောနေတာလဲ ရှောင်ရှောင်းကျန့်လေး
XZ : ဘာမှမပြောပါဘူး မင်းဘာလုပ်နေလို့ ငါ့ဆီမလာတာလည်း
Yibo : မင်္ဂလာ မဆောင်မှီလေး လက်စွပ်သွားယူနေတာ အဲ့တာနဲ့ ဒီကသတိုးသားလေးကို လာကြည့်ဖို့နောက်ကျသွားတာပါကွာ
XZ : လက်စွပ်က ငါတို့ယူလာတာကြာပြီမလား
Yibo : အင်းလေ ဒါပေမဲ့ အဲ့လက်စွပ်က အတုယောင်ကြီးဖြစ်နေလို့ အသစ်ထပ်လုပ်လာတာ
XZ : ဟင် အစစ်ပါ၊ဒီလောက်ဈေးကြီးပေးခဲ့ရတာကို
Yibo : အဲ့တာကိုပြောတာမဟုတ်ဘူး ရှောင်းကျန့်လေးရဲ့
ဒီလိုကွာ အဲ့နေ့က ကိုကိုတို့ဝယ်လာတဲ့ လက်စွပ်က
တကယ်လက်ထပ်ဖို့ ဝယ်ခဲ့တာမဟုတ်ဘူးလေ ၊၊အခု ကိုကိုယူလာခဲ့တဲ့ လက်စွပ်လေးတွေက တကယ်လက်ထပ်ဖို့အတွက် ယူလာခဲ့တာ။
ဝမ်ရိပေါ် ခုမှသူယူလာခဲ့တဲ့လက်စွပ်ဘူးလေးနဲ့ အရင်က ရှောင်းကျန့်နဲ့ တူတူရွေးလာတဲ့ လက်စွပ်ဘူးလေးကို ယှဉ်ပြီးပြလိုက်တယ်။
Yibo : ကိုကို မင်းကိုရွေးချယ်ခွင့်ပေးမယ်။
ဒီဘူးနှစ်ခုထဲက တစ်ခုကိုရွေးလိုက်ပါ၊
တကယ်လို့ မင်းက ပထမဘူးကိုရွေးမယ်ဆိုရင်ကိုကို မင်းကို သုံးနှစ်စောင့်မယ်၊အဲ့ကျမှ တကယ့်အစစ်အမှန် လက်ထပ်ပွဲပြန်လုပ်မယ်။တကယ်လို့ မင်းက ဒုတိယဘူးကို ရွေးမယ်ဆိုရင် ကိုကိုတို့ရဲ့ ဒီနေ့မင်္ဂလာပွဲလေးဟာ တကယ့်အစစ်အမှန် မင်္ဂလာပွဲလေး ဖြစ်လာမယ်။မင်းနဲ့ကိုကို ကလည်း တကယ့် အကြင်လင်မယားဖြစ်လာပြီ။ ကိုကိုတစ်ဘဝလုံး မင်းကိုဘဲ စောင့်ရှောက်ပြီး နေသွားမယ်လို့ ကတိပေးတယ်။