၁၇-၁

18K 2.3K 68
                                    

[Unicode]နောက်တစ်နေ့မနက်မှာ လုရှန်းတစ်ယောက်တည်းနိုးလာသည်။ ပုံမှန်အတိုင်း ခဏလောက်လှဲနေပြီးမှ ဖြည်းဖြည်းချင်းထလာသည်။ အဝတ်ယူပြီးတော့ အခန်းတံခါးဖွင့်လိုက်၏။

ရာသီဥတုကသာယာ၍ နေအလင်းရောင်တချို့က ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ဖြာကျနေလေ၏။ အခန်းတစ်ခုလုံးကို နွေးထွေး၍သက်တောင့်သက်သာရှိလှသည်။
သူ ဒီအတိုင်းပဲရပ်နေပြီး မနက်ခင်း၏အသံကို နားစွင့်နေလေသည်။ အခန်းထောင့်ဘက်သို့ လျှောက်သွားမိသည့်အခါ အံ့သြစရာကိစ္စလေးတစ်ခုကိုမြင်လိုက်ရသည်။ အခန်းထောင့်က မီးဖိုချောင်အငယ်စားလေးတစ်ခုမှာ လီဆွေ့က ဒယ်အိုးတစ်ခုနှင့် မနက်စာပြင်ဆင်ချက်ပြုတ်နေ၏။ ဆီကို အခုလေးတင်ထည့်လိုက်သည့်ပုံ ... တရှဲရှဲမြည်သံကို ကြားနေရသည်။

"နိုးလာပြီလား"

လုရှန်းကိုလှမ်းကြည့်လိုက်သည့် လီဆွေ့၏မျက်လုံးများက တလက်လက်တောက်ပနေပြီး ထူးထူးဆန်းဆန်ူရှက်ရွံ့မှုတချို့ကိုလည်းပြသနေလေရဲ့ ... ဤကို့ရို့ကားယားအခြေအနေကို လုရှန်းမဖော်ပြတတ်တော့ပေ။ ဇာတ်လမ်းထဲက ညားကာစလင်မယားနဲ့ပင် သွားတူနေသေးသည်။

မီးခိုးနဲ့ဆီညှော်အနံ့တွေကို မနှစ်မြို့တတ်သော လုရှန်းက အထဲဝင်မသွားဘဲ တံခါးဘောင်ကိုပဲ မှီပြီးရပ်နေ၏။

"ဘာတွေချက်နေလဲ"

"ကြက်ဥလိပ်ကြော်"

ရေခဲသေတ္တာထဲတွင် ဧည့်သည်များ စိတ်ပါလျှင်ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်ရန် ဟင်းချက်ပစ္စည်းတချို့ ဖြည့်စွက်ထားပေးသည်။ တော်တော်များများကတော့ သိပ်ချက်လေ့ချက်ထမရှိ။ လီဆွေ့သည် ကြက်ဥကိုသေချာလိပ်၍ ပန်းကန်ထဲထည့်လိုက်ကာ ဆော့စ်အနည်းငယ် ထည့်၏။

လုရှန်းက ဆီကြော်နံ့နှင့် မီးခိုးတွေစဲသွားသည်အထိစောင့်ပြီးမှ အထဲသို့ဝင်လာခဲ့သည်။ ဖန်ပန်းကန်ပြားပေါ်တွင် သခွားသီးကို သေချာလှီးဖြတ်ထည့်ထားပြီး နောက်တစ်ခုမှာတော့ ဝက်သားပြားမီးကင်ရှိသည်။ ပြီးတော့ ကြွေအိုးထဲမှာ ဖရုံသီးဆန်ပြုတ်က အငွေ့တထောင်းထောင်းထနေ၏။ စားသောက်ချင်စဖွယ် စားစရာရနံ့များက အခန်းထဲပြန့်လွင့်နေသည်။ ဟင်းများကို သင့်တင့်စွာချက်ပြုတ်ထား၍ ကြည့်ရသည်မှာ လီဆွေ့ကိုယ်တိုင် ဈေးမှသွားဝယ်ထားခြင်းဖြစ်နိုင်သည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now