၂၂-၁

14.9K 2.1K 217
                                    

[Unicode]NOTE!!!!! လုရှန်းအခန်း သိပ်မပါဘူးထင်ပြီး ကျော်မဖတ်ကြနဲ့နော် ... ဒီအပိုင်းတွေမှာမှ လှည့်ကွက်တွေ လုရှန်းဘယ်လောက်တောင် လီဆွေ့ကို ချစ်သလဲ ကာကွယ်ပေးသလဲဆိုတာ အကုန်ပါလာတာ TnT မကျော်နဲ့

*************

သင်တန်းရက်ကို သတ်မှတ်ပြီးဖြစ်၏။ လာမည့်လ၏ ပထမပတ်ဖြစ်သည်။ လက်ချိုးရေလျှင်တော့ လေးရက်တောင်မကျန်တော့ပေ။

လုရှန်းက ဦးလေးယွမ့်ကို အစားအသောက်နှင့် တခြားလိုအပ်သည်များပြင်ဆင်ပေးထားခိုင်းသော်လည်း ယွဲ့ပန်ဖေးက သင်တန်းက သင်တန်းသားများကို မိမိကိုယ်ကိုမှလွဲ၍ ဘာမှယူဆောင်လာခွင့်မရှိကြောင်းပြောသည်။

လုရှန်းလည်း သဘောတူပြီးသားဖြစ်တာမို့ အခုကျမှ ငြင်းလို့ကလည်းမရတော့။ ကံကောင်းသည်က နွေလယ်ဖြစ်၍ သင်တန်းမှာ အအေးမိမှာစိတ်ပူစရာမလိုပေ။ ဒါကြောင့် အရေးပေါ်ဆေးတချို့နှင့် ခြင်ဖြန်းဆေးတချို့ပဲထည့်ပေးလိုက်သည်။

မသွားခင်တစ်ညမှာ လီဆွေ့စာမလုပ်တော့  အဲ့ဒီအစားရေအစောကြီးချိုးပြီး တတ်နိုင်သမျှ အချိန်ကြာကြာ လုရှန်းအနားကို ရသလောက် တွယ်ကပ်နေသည်။ လုရှန်းကဝေါဟာရစာအုပ်ကိုကိုင်၍ လီဆွေ့ကို ပြောပြနေသည်။ ဒီတစ်ခေါက်တော့ လီဆွေ့စိတ်မဝင်စားသည်ကို လုရှန်းက လက်ချာရိုက်ခြင်းမရှိတော့ ... ပြီးတော့ လီဆွေ့ကို ဒုတိယထပ်က စာကြည့်ခန်းသို့ခေါ်သွားသည်။

လီဆွေ့ကြားမိသည်က ဤအခန်းက လုရှန်းအဖေကွယ်လွန်ခဲ့သည့်နေရာဟုဆိုသည်။ ဒါကြောင့် ဘယ်သူမှသိပ်မလာကြ။ လုရှန်းက အခန်းအလယ်က စားပွဲ၏အံဆွဲကိုဖွင့်ကာ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ဖုန်အနည်းငယ်ခါပြီးတော့ လီဆွေ့အားပေး၏။

"ရော့ ... ဒါကိုယူထား"

"ဒါကဘာလဲ"

"ခေါက်လို့ရတဲ့ဓားလေ"

လီဆွေ့က ထိုဓားကို လက်ထဲဆုပ်ကိုင်ထားသည်။ သူ့ဒီဇိုင်းပုံစံက လက်ရာမြောက်သည်။ တစ်ချက်ကြည့်လိုက်သည့်အခါ စစ်တပ်သုံးနာမည်ပြားထက်မပိုဟုထင်ရသည်။ သို့သော် ဘေးဘက်မှာ အံဝှက်တစ်ခုရှိပြီး ပိတ်ထားသောမောင်းကို ဆွဲထုတ်လိုက်ပါလျှင် အထဲမှာ ချွန်ထက်သော ဓားတစ်ချောင်းရှိနေသည်။ အလွန်ချွန်ထက်နေသည်မှတစ်ပါး ဓားကအမည်းရောင်ဖြစ်၏။ ဓားကိုဘာနဲ့လုပ်ထားမှန်းမသိပေမယ့် အလင်းရောင်ဟပ်လိုက်သည်နှင့် အရောင်ကတောက်ပနေသည်။လီဆွေ့က ဓားတို့လက်နက်တို့ကို မကျွမ်းကျင်ပေမယ့် ဒီပစ္စည်းကတော့ အရည်အသွေးမညံ့မှန်း သူသိသည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now