ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း

10 0 0
                                    

Best Myanmar Movie 2019 (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း)

ကြည့်ပြီးနောက် ခံစားချက်- သခင်ယေရှူပြန်ကြွလာခြင်းအမှူပေါ်၌၊ကျွန်တော်ကိုပြန်ပြီးသတိရစေတာဟာဟိုတုန်းကဖာရိရှဲတွေဟာသမ္မာပညာရပ်တွေမြင့်မားပြီး၊ကျမ်းစာလဲကျွမ်းကျင်စွာနာလည်သော်လည်း၊သခင်ယေရှူကိုဘာကြောင့်လက်ဝါးကပ်တိုင်ပေါ်တင်ခဲ့ကြသလဲကြောက်စရာကောင်းတာကထိုဖာရိရှဲတွေကိုသိပ်ပြီးယုံကြည်ကြသောယုဒပြည်သူတွေကမျက်စိစုံကန်းစွာဖြင့်သူတို့နောက်လိုက်၍သခင်ယေရှူအားအပြစ်စီရင်တွန်းလှန်ခြင်းကြောင့်၊ကြီးမားသောမဟာအပြစ်ကိုကျူးလွန်၍တိုင်းပြည်ပျက်သုန်းတဲ့အထိဝေဒနာတွေကိုခံစားခဲ့ရတယ်။ယနေ့ဘာသာရေးလောကမှသင်းအုပ်များဘာသာရေးအကြီးကဲများနှင့်ညီကိုမောင်နှမများအားလုံးသခင်ယေရှူပြန်ကြွလာပြီဆိုတဲ့သတင်းကိုကြးရ၍၊ကိုယ်တော်ထုတ်ဖော်ဟောကြားသောစကားတော်အသစ်ကိုလဲကြားနေရပြီ၊ဒါပေမယ့်သင်းအုပ်တွေဘာသာရေးအကြီးကဲတွေကသခင်ယေရှူကိုယုံကြည်လျင်ကျမ်းစာကိုယုံကြည်ရမည်ဆိုပြီးစွဲမြဲစွာရပ်တည်နေကြတယ်၊ဘုရားသခင်ထက်ကျမ်းစာအုပ်ကပိုကြီးမြတ်တယ်လို့မြင်နေကြတယ်၊ညီကိုမောင်နှမတို့သူတို့ဖြန်ကျက်သောအတွေးအခေါ်နှင့်အယူအဆတွေရဲ့ကွန်ယက်ထဲကိုတိုးဝင်ပြီး၊သမိုင်းကိုနောက်တကျော့ပြန်၍သရုပ်ဖော်မလား?သို့မဟုတ်ကိုယ်တော်၏နုတ်ကပတ်တော်ထဲမှသခင်ယေရှူပြန်ကြွလာခြင်းအကြောင်းကိုစူးစမ်းလေ့လာရှာဖွေကြမလား?(ကွန်ယက်မှထိုးဖောက်ခြင်း) ထဲမှသရုပ်မှန်ကိုဖွင့်ပြ၍ဖော်ထုတ်ပေးလိမ့်မည်။

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ တွင်၊ သခင်ခရစ်တော်သည် ရွေးနှုတ်ခြင်း အမှုတော်အားလုပ်ဆောင် နေချိန် ၌၊ သူသည် ရိုင်းစိုင်းသော အသေရေဖျက်ခြင်း နှင့် ဂျူးဘာသာရေး အသိုင်းအဝိုင်းများ၏ ပြစ်တင်ဝေဖန် ရှုတ်ချခြင်းကို ခံစားခဲ့ရသည်။ ဂျူးဘာသာရေး ခေါင်းဆောင်များသည် ရောမအစိုးရနှင့် အတူ တပ်ပေါင်းဖွဲ့ပြီး၊ သူ့အား ကားတိုင် ၌ သံရိုက်စီရင်ခဲ့သည်။ နောက်ဆုံးသော ကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သခင်ယေရှုသည် သွေးသားခန္ဓာ ဖြင့်ပြန်လည် ကြွဆင်းလာကာ၊ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ရန်အတွက် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည်၊ ဤတစ်ကြိမ်တွင် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေး လောက၏ သွေးရူးသွေးတန်း ရှုတ်ချပြစ်တင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့အား သူသည် ထပ်မံတွေ့ကြုံ ခံစားရသည်။ ပြန့်နှံ့နေသော ကောလဟလများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပေါ် မှားယွင်းသော အယူအဆများ၊ တရားစီရင်ခြင်းနှင့် အသရေဖျက်မှုများသည် မမြင်နိုင်သော ကျော့ကွင်းကဲ့သို့ မရေမတွက်နိုင်သော ယုံကြည်သူများအား လွမ်းအုပ်ထားပြီး ထိန်းချုပ်ထားလျက်ရှိသည်။ သမိုင်း၏ အဖြစ်ဆိုးမှာ တကျော့ပြန်လည်လာခြင်းဖြစ်ပေသည်...

ဧဝံဂေလိရုပ်ရှင်Where stories live. Discover now