နှုတ်ဆက်လိုက်ပါတယ်၊ လူမုန်းမခံချင်သူကြီးရေ သည် ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံတွေ့ရသူ ခရစ်ယာန်တစ်ယောက်၏ သက်သေခံချက် ဖြစ်ပါသည်။ ဇာတ်ကောင်သည် သူမ၏ ကျောင်းပညာရေးနှင့် လူ့အဖွဲ့အစည်း၏ သြဇာလွှမ်းမိုးမှုတို့ကြောင့်၊ "သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊သည်းခံစိတ်ရှည်ခြင်းက ဂုဏ်ရည်တစ်ခုဖြစ်သည်။"၊ "မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏" နှင့် "စကားနည်း ရန်စဲ" တို့ကဲ့သို့သော အယူအဆများကို သူမ၏ ဘဝနီတိများအဖြစ် သဘောထားပါသည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးနောက်၊ သူမက ဤရှင်သန်မှု စည်းမျဉ်းများပေါ်တွင် အခြေခံပြီး သူမ၏ ညီအစ်ကိုမောင်နှမများနှင့် ဆက်လက် ဆက်ဆံလေသည်။ အသင်းတော်တွင် ခေါင်းဆောင်အတုအယောင်များကို သူမ တွေ့ရှိသည့်အချိန်တွင်၊ သူတို့ကို စိတ်ဆိုးအောင်လုပ်မိမည်ကို ကြောက်သောကြောင့် သူတို့ကို ဖော်ထုတ်ဖို့ နှင့် တိုင်ကြားဖို့ ကြောက်ကာ၊ အကျိုးဆက်အားဖြင့် အသင်းတော်၏ အလုပ်ကို ဘေးဖြစ်စေလေသည်။ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းများနှင့် ထုတ်ဖော်ခြင်းများမှတစ်ဆင့် သူမ လိုက်လျှောက်နေသည့်အရာများသည် စာတန်နှင့် ဆိုင်သည့် ဘဝဒဿနများဖြစ်ကြောင်း နှင့် ဤစာတန်နှင့် ဆိုင်သည့် ဒဿနများအားဖြင့် အသက်ရှင်သန်ရာတွင်၊ သူမသည် အပြင်ပန်းတွင် မည်မျှ သိမ်မွေ့နူးညံ့ပြီး ကြင်နာပါစေ၊ သူမသည် တစ်ကိုယ်ကောင်းဆန်သော၊ စက်ဆုပ်ဖွယ်ကောင်းသော၊ မယုံရသော၊ စဉ်းလဲသော လူမုန်းမခံချင်သည့် သူတစ်ယောက်ဖြစ်လေသည်။ ထို့နောက်တွင် သူမသည် ထံ ပြီး၊ နောင်တရတော့သည်။ ထိုနောက်ပိုင်းတွင် တာဝန်ထမ်းဆောင်သည့်အချိန်တွင်၊ သူမသည် သမ္မာတရားနှင့် ရိုးသားသော လူတစ်ယောက် ဖြစ်ခြင်းတို့ကို သတိရှိစွာ လက်တွေ့လုပ်ဆောင်လေသည်။
YOU ARE READING
ဧဝံဂေလိရုပ်ရှင်
Randomယခု အချိန်အခါသည် နောက်ဆုံးသောကာလ ဖြစ်ပြီး သခင်ဘုရား တဖန်ကြွလာမည် ဖြစ်ကြောင်း သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက်များမှာ အခြေခံအားဖြင့် ပြည့်စုံခဲ့ပါပြီ။ သခင်ဘုရား တဖန်ကြွလာခြင်းကို ကျွန်ုပ်တို့ မည်ကဲ့သို့ ကြိုဆိုသင့်သနည်း။