Myanmar Gospel Movie 2019 (နာကြည်းဖွယ်ရာ အမှတ်တရများ) The Judgment of God Saved Me This Way
ပုဂ္ဂိုလ်ရေး ခံစားချက် ကယ်တင်ခြင်းတစ်ကြိမ်ရရှိတာနဲ့ ထာဝရကယ်တင်ခြင်းကိုရရှိပြီလား။
သခင့်ကိုယုံကြည်တဲ့ညီကိုမောင်နှမအများစုကဤလိုထင်မြင်ကြသည်။ သခင်ယေရှုက ကျွန်ုပ်တို့ကိုကယ်တင်ရန်အတွက် လက်ဝါးကပ်တိုင်ပေါ်အသေခံခဲ့ပြီ၊ ကျွန်ုပ်တို့မှာ သခင့်နာမဖြင့်ဆုတောင်းခြင်း၊ သခင့်ရှေ့မှာနောင်တရ၍အပြစ်ဝင်ချတောင်းပန်လျှင် အပြစ်ခွင့်လွှတ်ခြင်းကိုရရှိမည်၊ ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရရှိသည်။ ကယ်တင်ခြင်းတစ်ကြိမ်ရရှိထားတာနဲ့ နောင်အချိန်မှာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရန် ချီဆောင်ခြင်းခံရလိမ့်မည်။ ကျွန်ုပ်သခင့်ကိုယုံကြည်တဲ့ထင်မြင်ချက်ကိုပြန်စဉ်းစားမိလိုက်ချိန်မှာလည်း ဒီလိုပါပဲ။ သခင့်ကိုယုံကြည်တာ အပြစ်ရဲ့ခွင့်လွှတ်ခြင်းကိုရရှိထားသော်ပေမဲ့ ကျွန်ုပ်မှာအမြဲပဲအပြစ်ကိုကျူးလွန်မိပြီးဘုရားသခင်ကိုဆန့်ကျင်နေသည်။ နေ့ပိုင်းမှာအပြစ်ကျူးလွန်ပြီး ညချိန်တွင်ဝင်ချတောင်းပန်တဲ့အပြစ်စက်ဝိုင်းထဲရှိပြီး အပြစ်၏ချီနှောင်ခြင်းနှင့်အုပ်စိုးခြင်းမှမပယ်လွှတ်နိုင်။ ကျွန်ုပ်မှာအရမ်းနာကျင်စွာခံစားနေရတယ်၊ ကျမ်းစာထဲပြောထားတဲ့အတိုင်း "......ငါသည်သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။ " (ဝတ်ပြုရာကျမ်း 11:45) ထဲမှာတွေ့မြင်ရတာက ဘုရားသခင်ဟာဖြောင့်မတ်၊ သန့်ရှင်းသည်။ ကျွန်ုပ်လိုအပြစ်ထဲမှာရှင်သန်နေပြီးမပယ်ချွတ်နိုင်တဲ့သူမျိုး ဘယ်လို့ဖြင့်ကောင်းကင်နိုင်ငံတော်ထဲကိုဝင်ရောက်နိုင်မည်နည်း။ နောက်ဆုံးမှာတော့ ဘုရားသခင်၏နောက်ဆုံးသောကာလရဲ့ကယ်တင်ခြင်းကို ကျွန်ုပ်လက်ခံလိုက်သည့်ချိန်မှာ နှုတ်ကပတ်တော်ကိုဖတ်ခြင်းအားဖြင့် စစ်မှန်တဲ့ကယ်တင်ခြင်းဆိုသည်မှာအဘယ်နည်း၊ ကျွန်ုပ်တို့အပြစ်ကိုပြစ်မှားတဲ့အရင်းမြစ်နှင့်ဘယ်လိုပယ်ချွတ်နိုင်တဲ့လမ်းကိုလည်း သိကျွမ်းလာခဲ့သည်။ ချစ်ခင်ရသောညီအစ်ကိုမောင်နှမတို့ မိတ်ဆွေတို့မှာလည်း နေ့ပိုင်းမှာပြစ်မှာကျူးလွန်ပြီး ညပိုင်းမှာဝင်ချတောင်းပန်တဲ့ အပြစ်ရဲ့စက်ဝိုင်းထဲမှာရှင်သန်နေခြင်းကြောင့် ဝေဒနာခံစားနေသေးလား။ အောက်ပါဖော်ပြထားတဲ့ဆောင်းပါးတွင် မိတ်ဆွေအတွက် အပြစ်ထဲမှပယ်ချွတ်စေသောလမ်းကိုရှာတွေ့နိုင်ပြီး ဘုရားသခင်၏ကယ်တင်ခြင်းကိုရရှိ၍ ကောင်းကင်နိုင်ငံတော်ကိုဝင်ရောက်နိုင်ခြင်းကို မျော်လင့်ပါသည်။
ဖန်းကူးရီသည် တရုတ်ပြည်ရှိ အိမ်တွင်းအသင်းတော်တစ်ခု၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။ အမှုတော်ထမ်းဆောင်နေစဉ် နှစ် နှစ်ဆယ်ကျော်ကာလတွင် သူသည် ရှင်ပေါလုကို အမြဲတမ်း တုပသည်။ အလုပ်ကြိုးစားပြီး အလွန်စိတ်အားထက်သန်စွာဖြင့် သခင့်အတွက် အသုံးတော်ခံသည်။ ထို့အပြင် သူသည် ဤနည်းဖြင့် သူ့ယုံကြည်ခြင်းကို ကြိုးစားအားထုတ်ခြင်းဖြင့် သူသည် ကောင်းကင်ဘုံမှအဖ၏အလိုတော်ကို ဆောင်ရွက်နေသည်၊ သခင်ပြန်လည်ကြွလာသည့်အခါ ကောင်းကင်နိုင်ငံတော်ကို သေချာပေါက် ချီဆောင်ခံရမည်ဟု ခိုင်မာစွာ ယုံကြည်ထားသည်။ သို့ရာတွင် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်းသည် သူ့အပေါ်သို့ ကျရောက်လာသည့်အခါတွင် သူသည် သူ၏အယူအဆများကို ဖက်တွယ်နေသည်။ သူသည် နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို ထပ်ခါထပ်ခါ ငြင်းပယ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ရှုတ်ချခြင်းတို့ ပြုလုပ်ခဲ့သည်။... နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်အသင်းတော်မှ တရားဟောဆရာများနှင့် ဆွေးနွေးငြင်းခုံမှုအချို့ ပြုလုပ်ပြီးနောက်တွင် နောက်ဆုံး၌ ဖန်းကူးရီသည် သမ္မာတရားဆီသို့ နှိုးထားလာခဲ့ပြီး ကောင်းကင်ဘုံမှအဖ၏အလိုတော်ကို ဆောင်ရွက်ခြင်းသည် မည်သို့အဓိပ္ပါယ်ရသည်ဆိုသည်နှင့် သူ့အား ကယ်တင်ခြင်းကိုရရှိပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်စေနိုင်ရန်ပြုလုပ်ပေးရန်အတွက် သူ၏ ယုံကြည်မှုကို မည်သို့အားထုတ်ရမည်ဆိုသည်တို့ကိုပါ အမှန်တကယ် နားလည်လာခဲ့သည်။... အရင်က သူသည် မည်သို့သောသူဖြစ်ခဲ့သည်ဆိုသည်ကို ပြန်စဉ်းစားသည့် အခါတိုင်းတွင် ထို အမှတ်ရစရာများသည် သူ့နှလုံးသားကို ဆူးချွန်များကဲ့သို့ ထိုးစိုက်သည်။...
YOU ARE READING
ဧဝံဂေလိရုပ်ရှင်
Randomယခု အချိန်အခါသည် နောက်ဆုံးသောကာလ ဖြစ်ပြီး သခင်ဘုရား တဖန်ကြွလာမည် ဖြစ်ကြောင်း သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက်များမှာ အခြေခံအားဖြင့် ပြည့်စုံခဲ့ပါပြီ။ သခင်ဘုရား တဖန်ကြွလာခြင်းကို ကျွန်ုပ်တို့ မည်ကဲ့သို့ ကြိုဆိုသင့်သနည်း။