Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ) God Gave Me a Happy Family
ကြည့်ပြီးနောက် ခံစားချက်- "ကျွန်ပ်၏အိမ်ဘယ်မှာနည်း" ခေါင်းစဉ်တွင် ကျွန်ပ်စိတ်ထဲရှိစစ်မှန်သောအိမ်ဆိုတာဘာလဲ ဆိုသည်ကိုသိချင်မိသည်။ ကျွန်ပ်သည်သာမန်ပြည့်စုံသောမိသားစုဘဝတွင် မွေးဖွားပါသည်။ ကျွန်ပ်၏မိဘသည် ကျွန်ပ်ပြုစုစောင့်ရှောက်ကျွေးမွေးပါသည်။ကျွန်ပ်တို့၏နေထိုင်သွားလာမှုသည် ရှင်းလင်းလွယ်ကူသည်။ ကျွန်ပ်အထင်တွင် သုခမင်္ဂလာပြည့်စုံသောအိမ်ထောင်သည် ဖေဖေမေမေနှင့်အတူနေထိုင်ရခြင်းဖြစ်သည်။ သို့သော် ၊ ကျွန်ပ်၏နှလုံးသားထဲတွင် ရှင်းလင်းမပြတတ်သော လစ်ဟာမှုများခံစားရသည်။မိမိသည် မည်သည့်ဂုဏ်စည်းစိမ်ဥစ္စာဖြစ်စေ၊ စိတ်ဆန္ဒဖြစ်စေ မပြည့်ဝတတ်ပါ။ ဘုရားသခင်ကို လက်ခံယုံကြည်ပြီးနောက်ဘုရားသခင်၏အိမ်တော်သို့ရောက်ရှိလာပြီး ညီအကိုမောင်နှမများနှင့်အတူ ဘုရားသခင်စကားတော်၏သွန်းလောင်းခြင်း၊ ဖြည့်ဆည်းပေးခြင်းများကြောင့် ပျော်မွေ့လျက်ရှိသည်။ သမ္မတရားများစွာကိုနားလည်သဘောပေါက်ခဲ့သည်။ ညီအကိုမောင်နှမများလည်း အမှန်တရားအတိုင်း လုပ်ဆောင်ကြသည်။ ငြင်းခုံခြင်းမရှိ ၊ လိမ်ညာခြင်းမရှိ၊ ကျွန်ပ်သည် သုခမင်္ဂလာ နှင့် နွေးထွေးမှုများပိုမိုခံစားမိသည်။ဘုရားသခင်၏အိမ်တော်သည် ကျွန်ပ်၏လေကွယ်ရာဆိပ်ကမ်း အမှန်ပင်ဖြစ်သည်။
ဝမ်းရာ အသက် (၂) နှစ်ခန့်အရွယ်မှာ မိဘတွေက ကွာရှင်းခဲ့ကြပြီးနောက် သူမရဲ့ အဖေနှင့် မိထွေးဖြစ်သူတို့နှင့်အတူ နေထိုင်ခဲ့ပါတယ်။ သူမရဲ့ မိထွေးက သူမအပေါ် သည်းမခံခဲ့တာကြောင့် အဖေဖြစ်သူနဲ့ အမြဲ စကားများလေ့ရှိပါတယ်။ အဖေဖြစ်သူမှာ ရွေးချယ်စရာသိပ်မရှိခဲ့ဘူး။ ဝမ်းရာကို သူမရဲ့ အမေအိမ်ကို ပို့ခဲ့ပေမယ့်လည်း အမေက စီးပွားရေးနှင့်အလုပ်ရှုပ်နေပြီး ဝမ်းရာကို ဂရုစိုက်ဖို့အချိန်မပေးနိုင်ခဲ့ပါ။ ဒါကြောင့် မကြာခဏဆိုသလို သူမရဲ့ ဆွေမျိုး၊ သူငယ်ချင်းတွေ အိမ်ကို မကြာခဏ သွားပို့လေ့ရှိပါတယ်။ တခြားသူရဲ့ အိမ်မှာမွေးစားခံ ဘဝနဲ့ နှစ်ပေါင်းများစွာ နေလာခဲ့ပြီးနောက် ဝမ်းရာလေးတစ်ယောက် အထီးကျန်၊ မျှော်လင့်ချက်မဲ့လာခဲ့ကာ နွေးထွေးသော ခိုနားရာအိမ်လေး တစ်လုံးကို တောင့်တလာခဲ့ပါတယ်။ အဖေဖြစ်သူနှင့် မိထွေးဖြစ်သူတို့ ကွာရှင်ပြီးနောက် အဖေဘေးမှာ ပြန်လည်နေထိုင်ခဲ့ပြီး ကောင်းကောင်းဆိုးဆိုး နားခိုရာအိမ်တစ်လုံး ရလာခဲ့ပါတယ်။
ဝမ်းရာအရွယ်ရောက်လာတဲ့အခါ အလွန်သတိရှိပြီး အနွံတာခံသလို စာကိုလည်းကြိုးစားခဲ့တယ်။ တက္ကသိုလ်ဝင်ခွင့်အတွက် များစွာကြိုးစား ပြင်ဆင်ခဲ့ပေမယ့် ကံဆိုးမှုတစ်ခုရောက်လာခဲ့တယ်။ အမေဖြစ်သူ ဦးနှောက်သွေးယိုမှုဖြစ်ခဲ့ပြီး အကြောသေကာ ရောဂါကြောင့် အိပ်ရာမှမထနိုင် ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ပထွေးဖြစ်သူမှာလည်း သူမအမေဖြစ်သူကို ပစ်ထားခဲ့ပြီး အမေဖြစ်သူရဲ့ ပိုင်ဆိုင်သမျှအားလုံးကို အပိုင်စီးသွားခဲ့တယ်။ အဲ့ဒီနောက် သူမရဲ့ အဖေကလည်း အသည်းကင်ဆာနဲ့ ဆေးရုံတက်ခဲ့ရတယ်.... ဝမ်းရာအနေနဲ့ အိမ်ထောင်စုတစ်ခုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကိုထမ်းနိုင်ဖို့ မဖြစ်နိုင်တာကြောင့် ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကို အကူအညီတောင်းခံခဲ့ပေမယ့်လည်း လက်လျှော့ခဲ့ရပါတယ်။
ဝမ်းရာမှာ အားကိုးစရာမရှိဘဲ ဒုက္ခရောက်ခဲ့ရပြီး ဘုရားကျောင်းက ညီအစ်မနှစ်ဦးက ဝမ်းရာနဲ့ သူမရဲ့ အမေဖြစ်သူနဲ့ အမဖြစ်သူတို့ကို ရဲ့ နောက်ဆုံးသောကာလ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး သက်သေခံခဲ့တယ်။ သူတို့ဟာ အနန္တတန်ခိုးရှင် ရဲ့ နှုတ်ကပတ်တော်မှတဆင့် လူသားတို့ ဘဝတွေရဲ့ နာကျင်မှု အရင်းအမြစ်ကို သိရှိနားလည်ခဲ့ကြပြီး၊ ဘုရားသခင်ရဲ့ ရှေ့တော်မှောက် လာရောက်မှသာ ဘုရားသခင်ကွယ်ကာမှုနဲ့ ပျော်ရွှင်တဲ့ဘဝကို ရရှိမယ်လို့ နားလည်သဘောပေါက် ခဲ့ကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်သိမ့်မှုကြောင့်ပဲ အမေဖြစ်သူနဲ့ သမီးတို့ဟာ သူတို့ရဲ့ နာကျင်မှုနဲ့ အကူအညီမဲ့မှုတို့ကနေ ရုန်းထွက်လာခဲ့ကြတယ်။ ဝမ်းရာဟာ ဘုရားသခင်ရဲ့ ကရုဏာနဲ့ ချစ်ခြင်းမေတ္တာကို စစ်မှန်စွာ ခံစားခဲ့ရပြီး၊ အိမ်လေးတစ်လုံးရဲ့ နွေးထွေးမှုကို ခံစားခဲ့ရသလို မှန်ကန်တဲ့ ခိုနားရာအိမ်လေးသို့ ဝင်ရောက်လာခဲ့တယ်....
YOU ARE READING
ဧဝံဂေလိရုပ်ရှင်
Randomယခု အချိန်အခါသည် နောက်ဆုံးသောကာလ ဖြစ်ပြီး သခင်ဘုရား တဖန်ကြွလာမည် ဖြစ်ကြောင်း သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက်များမှာ အခြေခံအားဖြင့် ပြည့်စုံခဲ့ပါပြီ။ သခင်ဘုရား တဖန်ကြွလာခြင်းကို ကျွန်ုပ်တို့ မည်ကဲ့သို့ ကြိုဆိုသင့်သနည်း။