Myanmar Gospel Movie 2019 (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း)

2 0 0
                                    

Myanmar Gospel Movie 2019 (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း) သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အဘယ်ကြောင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပြစ်ဒဏ်ချမှတ်ကြသနည်း


အဘယ့်ကြောင့် သင်းအုပ်ဆရာများနှင့် ဘာသာရေးလောကမှ အကြီးအကဲများ သည် အနန္တတန်ခိုးရှင် ဘုရားသခင်အား ဆန့်ကျင်ပြီး၊ ပြစ်ဒဏ်ချ မှတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသော သမ္မာတရားအား မုန်းတီးကာ ရန်လိုကြပြီး လက်မခံနိုင်ခြင်းကြခြင်းကြောင့်ဖြစ်သည်။ ဤသည်မှာ ခရစ်တော်ကို သူတို့ ငြင်းပယ်၊ ပြစ်ဒဏ်ချမှတ်ပြီး ဆန့်ကျင်ကြသည့် အကြောင်းရင်းဖြစ်သည်။ ဤအရာကသမ္မာတရားကို မုန်းတီးသော သူတို့တွင်ရှိသည့် ဆိုးယုတ်သည့်အနှစ်သာရကို ထုတ်ဖော် ပြသသည်။ ခရစ်တော် ဖော်ပြသော သမ္မာတရားသည် အလွန်တရာ တန်ခိုးကြီးမားပြီး၊ သြဇာအာဏာရှိပေသည်။ ၎င်းသည် လူသားမျိုးနွယ်အား နိုးထစေနိုင်ပြီး၊ ကယ်တင်နိုင်သကဲ့သို့ လူတို့အား စာတန်၏ စွမ်းအားများမှ ထွက်ပြေးလွတ်မြောက်ကာ ဘုရားသခင်ထံ ပြန်လှည့်လာစေနိုင်သည်။ ထို့ကြောင့်ပင်၊ သူတို့၏ ကိုယ်ပိုင်ကျော်ကြားမှုများ၊ အကျိုးအမြတ်များနှင့် ဂုဏ်အဆင့်အတန်းများကို ကာကွယ်ရန်အတွက်၊ ဘာသာရေးလောကမှ ခေါင်းဆောင်များ သည်၊ ခရစ်တော်အား နောက်တကြိမ်၊ကားတိုင်တင် သံရိုက်စီရင်ကြခြင်းဖြစ်သည်။ ဤအရာများ သည် မှန်ကန်သော အချက်အလက် ဖြစ်ပြီး ဘုရားသခင်အား အစေခံသော်လည်း၊ တပြိုင်နက်ထဲ ခုခံနေသော ဘာသာရေး ခေါင်းဆောင်များ၏ အနှစ်သာရပင်ဖြစ်သည်။

ဧဝံဂေလိရုပ်ရှင်Where stories live. Discover now