မုသားတို့ သုံးမိပြီးသည့်နောက်...သည် ဘုရားနှုတ်ကပတ်တော်တို့၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို တွေ့ကြုံလိုက်ရသော ခရစ်ယာန်တစ်ဦး၏ သက်သေခံချက် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ရှုခြင်းမှတစ်ဆင့်၊ သည် ရိုးသားသူကို နှစ်သက်၍၊ လှည့်ဖြားသူကို ရွံရှာတတ်ကြောင်း၊ ရိုးသားသူကသာ အပြည့်အဝ ကယ်တင်ခံရ၍၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြောင်းတို့ကို အဓိကဇာတ်ကောင်ဖြစ်သူက နားလည်လာသည်။ သို့ဖြင့် သူမသည် ရိုးသားသူတစ်ဦး ဖြစ်လာရန် စတင် ကြိုးစားပါသည်။ သို့သော် နေ့စဉ်ဘဝ၌ သူမ၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်နိုင်သော အဖြစ်အပျက်များနှင့် ကြုံရသည့်အခါ၊ လိမ်ညာလှည့်ဖြားခြင်း မဖြစ်စေရန် သူမကိုယ်သူမ မတားဆီးနိုင်ဘဲ ရှိနေသေးသလို၊ လိမ်ညာပြီးသည့်နောက်တွင်လည်း ယင်းတို့ကို ဖုံးဖိမိနေဆဲ ဖြစ်သည်။ သူမသည် အလွန်ပင် စိတ်မသက်မသာ ဖြစ်လာပြီး၊ ယင်းအဖြစ်သည် ခက်ခဲပင်ပန်းသော ရှင်သန်နေထိုင်နည်း ဖြစ်သည်ဟုလည်း မြင်မိသည်။ ထို့နောက်တွင်မူ သူမအား လိမ်ညာလှည့်ဖြားတတ်စေသော သူမ၏ ဆိုးယုတ်သည့် စိတ်သဘောထားကို၊ ဘုရားနှုတ်ကပတ်တော်တို့၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့မှတစ်ဆင့် နားလည်မှုအနည်းငယ် ရရှိပါသည်။ သူမသည် လိမ်ညာခြင်း၏ ဇာစ်မြစ်၊ သဘောသဘာဝနှင့် အကျိုးဆက်များကို မြင်ကာ၊ နောင်တတရားကို ခံစားမိသလို ဖြစ်လာပြီး၊ ဘုရားသခင်ထံ နောင်တရပါသည်။ သူမ၏ လှည့်စားတတ်သော ရည်ရွယ်ချက်များကို ဖော်ထုတ်ရန်အတွက် ညီအစ်ကိုမောင်နှမများထံ ဖွင့်ဟပြောဆိုကာ၊ ရိုးသားသူတစ်ဦး ဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်ပါသည်။ ထို့နောက် အမှန်ကို ပြောဆိုခြင်း၊ ရိုးသားခြင်းတို့၏ အရသာကိုလည်း ခံစားမိတော့သည်။
YOU ARE READING
ဧဝံဂေလိရုပ်ရှင်
Randomယခု အချိန်အခါသည် နောက်ဆုံးသောကာလ ဖြစ်ပြီး သခင်ဘုရား တဖန်ကြွလာမည် ဖြစ်ကြောင်း သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက်များမှာ အခြေခံအားဖြင့် ပြည့်စုံခဲ့ပါပြီ။ သခင်ဘုရား တဖန်ကြွလာခြင်းကို ကျွန်ုပ်တို့ မည်ကဲ့သို့ ကြိုဆိုသင့်သနည်း။