သခင့်ကို ယုံကြည်သောသူများစွာတို့က သူတို့အနေဖြင့် စွန့်လွှတ်မှုများ လုပ်ဆောင်သရွေ့၊ မိမိတို့ကိုယ်ကို အသုံးတော်ခံပြီး အလုပ်ကြိုးစားလုပ်ဆောင်သရွေ့၊ သူတို့သည် ပထမဦးစွာ ချီဆောင်ခံရမည့်သူများတွင် သေချာပေါက် ပါရှိလိမ့်မည်ဟု ယုံကြည်ကြသည်။ သို့သော် ဤအရာအတွက် သခင့် နှုတ်ကပတ်တော်များထဲတွင် အခြေပြုချက် ရှိပါသလော။ သခင်က ပြောခဲ့သည်၊ "နောက်ကျသောသူ အများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူ အများတို့သည် နောက်ကျ ကြလိမ့်မည်။" (မဿဲ ၁၉:၃၀) "ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍" (ယောဟန် ၁၀:၂၇)။ တစ်စုံတစ်ဦး ချီဆောင်ခံရနိုင်သည်၊ မခံရနိုင်သည်ကို သခင့်အသံတော်အား သူတို့ ကြား၊ မကြား ဆိုသည်အားဖြင့် ဆုံးဖြတ်သည်မှာ သိသာထင်ရှားပေသည်။ သူ၏ အသံတော်ကို ပထမဦးစွာ ကြားပြီး၊ သူ၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို လက်ခံသောသူတို့သည် ပညာရှိ အပျိုကညာများဖြစ်ကြ၍၊ သူတို့သည် ပထမဦးစွာ ချီဆောင်ခံရကြလိမ့်မည်ဖြစ်သည်။
YOU ARE READING
ဧဝံဂေလိရုပ်ရှင်
Randomယခု အချိန်အခါသည် နောက်ဆုံးသောကာလ ဖြစ်ပြီး သခင်ဘုရား တဖန်ကြွလာမည် ဖြစ်ကြောင်း သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက်များမှာ အခြေခံအားဖြင့် ပြည့်စုံခဲ့ပါပြီ။ သခင်ဘုရား တဖန်ကြွလာခြင်းကို ကျွန်ုပ်တို့ မည်ကဲ့သို့ ကြိုဆိုသင့်သနည်း။