ဝေ့ရင်းသတိရလာတော့ သူ့ဘေးနားမှာ ထိုင်ကာငိုနေတဲ့ဝမ်နင်း
'ဘာများဖြစ်လို့ပါလိမ်.'"ဆူလိုက်တာကွာ"
"သခင်...သခင်နိုးလာပြီ"
ငိုကာပြောတဲ့ဝမ်နင်းကြောင့် သူစိတ်တိုနေတာတောင်ဘယ်ရောက်မှန်းမသိ
"ဘာဖြစ်ပြန်ပီလဲ"
ရှောင်းကျန့်သူ့ရှေ့ကကောင်လေးကိုကြည့်ကာပြောလိုက်သည်။သူရှေ့ကကောင်လေးကလဲသနားစရာပင်
သူနဲ့ငယ်ငယ်ထဲက ကြီးပြင်းလာခဲ့တဲ့အစေခံလေး သူ့ရဲ့ အသက်တမျှသခင်ကို ကာကွယ်တတ်တဲ့ကောင်လေး
သူလန်ဝမ်ကျီရဲ့အရေးပေးမှုမခံရတော့ ထိုကောင်လေးအား အားလုံးက ဝိုင်းအနိုင်ကျင့်ကြသည်
အခု သူသတိလစ်နေတော့မှ လန်ဝမ်ကျီက သူ့အနားနေခိုင်းတာမို့ ထိုကောင်လေးက အနားမှာလာနေတာ
သူလေးက တုံးလွန်းသည် ပျော့ညံ့လွန်းသည်။
အင်းပေါ့လေ သခင်ကမှအရေးပေးမခံရတာ သူလဲ အနိုင်ကျင့်ခံရတာမဆန်းပါဘူး..
"ဝမ်နင်း အခုဘယ်အချိန်ရှိပီလဲ"
"နေ့လည်ရောက်နေပါပီသခင်"
"ဘာသခင်လဲ ကြင်ယာတော်လို့ခေါ်စမ်း"
ထိုအချိန် ဝင်လာတဲ့ လူတစ်ယောက်
အရှိန်အဝါတွေကပြင်းလွန်းသည်။
နီညိုရောင် ပိုးဖဲပေါ်မှာ နဂါးတစ်ကောင်ပုံထိုးထားသည်မှာ သူ့အဝတ်အစား အရှိန်အဝါအရ ထိုသူဟာ
မင်းကြီးလန်ဝမ်ကျီဆိုတာပြောပြနေသယောင်ပင်..."အ...အရှင်မင်းကြီး"
ဝမ်နင်းက ထစ်အစွာဆိုကာ ကြမ်းပြင်ပေါ်ဝပ်တွားနေသည်။
ရှောင်ကျန့် သူ့ရှေ့ကဘုရင်ကိုကြည့်ကာ ဦးညွတ်လိုက်သည်။
'တော်သေးတယ် ငါလေး နန်းတွင်းကားတွေကြည့်ထားလို့'
ESTÁS LEYENDO
Why not me?(zawgyi+unicode)(complete:)
Fanficပုံပြင်တစ်ပုဒ်ရဲ့အစက ဟိုးရှေးရှေးတုန်းကလို့စကြပေမဲ့ မင်းနဲ့ငါရဲ့ ပုံပြင်မဟုတ်တဲ့ဇာတ်လမ်းတစ်ခုက ဟိုတစ်ခါတုန်းကလို့စကြမယ်.. ...... ဝေ့ရင်း.... လန်ကျန့်ကို ချစ်လို့ရေးသည် ရှောင်းကျန့် ဝမ်ရီပေါ်ကို ချစ်လို့ရေးသည်။ .......