မနက်မိုးမလင်းခင်ကထဲက ဝိရိယကောင်းစွာနိုးနေခဲ့သူကတော့ လန်ဝမ်ကျီပါပေ။
လန်ဝမ်ကျီ ခေါ် ဝမ်ရိပေါ်တစ်ဖြစ်လဲ
သူ့ကျန့်ကောနဲ့ပြန်တွေ့ရမို့ ပျော်နေသလောက်။အခုထိရောင်နီမလာကာ မလင်းသေးသော မိုးကိုလဲမကျေမနပ်တွေကိုဖြစ်လို့ပင်...
"မိုး ကလဲ လင်းခဲလိုက်တာကွာ"
မျောက်ဖင်မီးခဲခုထိုင်သလို ဂဏာမငြိမ်နိုင်သူကသော လန်ကျန့်ပါပေ။
(ဘုရင်ဖြစ်ပီး😒😒)
"အရှင်ခရီးထွက်ဖို့အဆင်သင့်ဖြစ်ပါပြီ"
"အင်း..ကောင်းပြီ"
အပြင်မှာတည်ငြိမ်နေသလောက် ရင်ထဲမှာ လှိုင်းထနေတာ သူသာသိသည်။
လန်ဝမ်ကျီတို့ မေပယ်တောင်ကြားကိုရောက်တော့ နေလည်ပင်ရောက်လေပီ။
ထို့နောက်မေပယ်တောင်ကြားက အစောင့်ကောင်လေးက။
"အရှင်ပြန်လာပါပြီလား"
"အင်း..ရှောင်ကျန့်နဲ့ အားယွမ်လေးရှိလား"
"ဟုတ်ကဲ့သခင် တောင်ပေါ် က စံအိမ်မှာပါအရှင်"
"ဟုတ်ပြီ...."
သူတို့တောင်ပေါ်ရောက်တော့သတင်းကြားလို့ထင် ရှောင်ကျန့် နဲ့အားယွမ်လေးက စံအိမ်တံခါးဝမှာ ထွက်ကြိုနေလေရဲ့
မျက်နှာမှာအပြုံးမျက်နှာလေးနဲ့
ထိုအပြုံးက နောက်ကပါလာတဲ့လန်ဝမ်ကျီကိုမမြင်ခင်အထိသာ
"ကျန့်ကျန့် ...ဒါက မင်းကြီးလန်ဝမ်ကျီတဲ့"
ရှဲ့လျန်ကမိတ်ဆက်ပေးပါ၏
"အရှင့်ကိုဂါရဝပြုပါတယ်"
ရိပေါ်တစ်ယောက် သူ့ရှေ့ကလူသားလေးအား သေချာအကဲခတ်နေမိသည်။
သူ့ကျန့်ကောဟုတ်မဟုတ်ပေါ့။
သို့သော်ထိုလူသားလေးက သူ့အကြည့်စူးစူးကိုသိလို့ထင် သူ့ရှေ့က ထွက်ပြေးဖို့ကြံနေလေပြီ
KAMU SEDANG MEMBACA
Why not me?(zawgyi+unicode)(complete:)
Fiksi Penggemarပုံပြင်တစ်ပုဒ်ရဲ့အစက ဟိုးရှေးရှေးတုန်းကလို့စကြပေမဲ့ မင်းနဲ့ငါရဲ့ ပုံပြင်မဟုတ်တဲ့ဇာတ်လမ်းတစ်ခုက ဟိုတစ်ခါတုန်းကလို့စကြမယ်.. ...... ဝေ့ရင်း.... လန်ကျန့်ကို ချစ်လို့ရေးသည် ရှောင်းကျန့် ဝမ်ရီပေါ်ကို ချစ်လို့ရေးသည်။ .......