Zawgyi
X မြို့ရဲ့ကားလမ်းမတစ်နေရာ၌မီးပွိုင့်မိနေသောကားတစ်စီးရှိပေသည်။
ထိုကားပေါ်မှာတော့ ချောမောလှပသောအမျိုးကောင်းသားတစ်ဦးသည်မောင်းသူနေရာတွင်ထိုင်နေပြီး ပါးစပ်မှလည်းပွစိပွစိ
မသိရင် ဂါထာတစ်ခုရွက်ပြီးပဲတစ်စုံတစ်ယောက်ကိုကျိန်စာတိုက်နေသလိုလို
တိုက်တော့တိုက်နေတာပဲ လူကိုတော့မဟုတ်ဘူး မီးပွိုင့်ကို
"အရေးထဲမှပဲ duty ချိန်နောက်ကျနေပါပြီဆိုကွာ ဒီမီးပွိုင့်ကတစ်မျိုး
ငါလာမှ မီးနီကြားလားမီးပွိုင့်အစုတ်ပလုတ်
မီးစိမ်းမယ့်အရေးကလည်းတစ်ကမ္ဘာလောက်ကြာတယ်
မိုးရာသီတုန်းကမိုးကြိုးပစ်ပြီး တစ်စဆီပျက်စီးသွားရမှာ..."စသည်စသည်ဖြင့် မီးမစိမ်းမချင်းကားထဲကနေမျိုးစုံ မေတ္တာပို့သနေသော ဆရာဝန်လေးရှောင်ကျန့်
ပြီးတော့ပြောသေးတယ် ဘာတဲ့
မီးပွိုင့်ကသူ့ကိုကြိုက်နေလို့ သူရောက်ခါမှမီးထနီတာလားတဲ့မီးပွိုင့်သာလူဆိုရင်နားပိတ်ပြီးထွက်ပြေးသွားမှာအသေအချာ
ငါလေးနားပူမခံနိုင်ပါဘူးနော်
ရှောင်ကျန့်ဆေးရုံရောက်တော့ သူ့အချိန်ကပြီးတောင်နေပြီ
ဝူချန်းက အစားဝင်ပေးထားလို့တော်သေးတာပေါ့"ကျေးဇူးပဲ ဝူချန်းရာ
မင်းသိတဲ့အတိုင်းပဲ လမ်းမှာမီးပွိုင့်ခနခနမိနေတာလေ အဲ့ဒါကြောင့်ပါ အဟဲ
ငါ မင်းအချိန်ကျရင်ပြန်ဝင်ပေးမယ်လေကွာနော် "ရှောင်ကျန့်ရဲ့ duty ချိန်ကမနက်ပိုင်းဖြစ်ပြီး ဝူချန်းကနေ့ခင်းပိုင်းမှဆိုတော့ ဝူချန်းခမျာ အစားထိုး ခနခန၀င်ပေးရလေသည်
"အေးပါ မီးပွိုင့်မိတာပဲပြော မင်းအိပ်ယာထနောက်ကျနေတဲ့အကြောင်းတော့မပြောနဲ့သိလား
ပြောပါအုံးညကဘယ်အချိန်မှအိပ်လဲ"
YOU ARE READING
𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)
Fanfiction𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 & 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧♡︎. (𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧) 𝚉𝚊𝚠𝚐𝚢𝚒 တွေ့တာနဲ့ရန်တကျက်ကျက်ဖြစ်နေကြတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာအရလက်ထပ်ဖို့အကြောင်းဖန်လာသောအခါ... 2ⁿᵈ 7 . 1 . 2020 (start) 5 . 8 . 2020 (end) 𝚄𝚗𝚒𝚌𝚘𝚍𝚎 တွေ့တာနဲ့ရန်...