Zawgyi
"ဟင် သုံးဘီးနဲ့လား"
ရှောင်ကျန့်အထုပ်တွေများမယ်ထင်လို့ ၀မ်ရိပေါ်က သုံးဘီးငှါးပြီးလာကြိုပေမယ့်
ရောက်မှမြင်တာ luggage တစ်လုံးနဲ့ကျောပိုးအိတ်တစ်လုံးတည်းရှောင်ကျန့်မှာတော့ သူ့ကိုကားနဲ့လာကြိုမယ်ထင်နေတာ အခုတော့သုံးဘီးနဲ့သွားရတော့မှာပေါ့
"အင်း"
ရိပေါ်ကပြန်ဖြေပြီး luggage ကိုသုံးဘီးပေါ်တင်လိုက်တယ်
"တက်လေ ဘာရပ်လုပ်နေတာလဲ ရွာကို
ခြေချင် သွားဖို့လုပ်နေတာလား"အပြောကိုက ဆေးထိုးသတ်ပစ်ချင်စရာ
ကိုယ့်ဆီလာတဲ့ဧည့်သည်ကိုဘယ်လိုတောင်ပြောနေလဲမသိဘူးစိတ်ကသာပြောနေပေမယ့်
ရှောင်ကျန့်အမြန်တက်လိုက်ရတယ် ပြောလို့ရတာမဟုတ်ဘူး ဒီကောင်ကသုံးဘီးဆရာကို ထားခဲ့ခိုင်းရင်ဘယ်လိုလုပ်မလဲ" တက်မယ် တက်မယ်
ပြောပုံကိုက ငါကမင်းရဲ့လက်အောက်ခြေသားမဟုတ်ဘူးနော် စကားပြောဆင်ခြင်"ရိပေါ်ကလည်းနောက်မှာဝင်ထိုင်ရင်း
" ကျုပ်ကစကားကိုဒီလိုပဲပြောတတ်တယ်
မကျေနပ်လည်းမတတ်နိုင်ဘူး ""မင်း! မင်း..!"
"ဘာလဲ ဘာလဲ"
"ဟွန်း"
ရှောင်ကျန့် စိတ်ထိန်းစိတ်ထိန်း မင်းကဆရာဝန်နော် စိတ်ထားလေးကနူးညံ့နေရမှာ
ဒီတောသားနဲ့တုပြီးရန်မဖြစ်ရဘူး
အိုကေ အိုကေရှောင်ကျန့်အပြင်ဘက်ကိုပဲငေးကြည့်ရင်းလိုက်လာခဲ့တယ်
တစ်လမ်းလုံးလည်းနှစ်ယောက်သား ဘာစကားမှမဆို
ဆိုရင်လည်းဒီနေ့ဒီနေရာမှာတင် တစ်ယောက်ယောက်ကတော့သေတော့မယ်ရွာဆိုပေမယ့်
လမ်းပန်းဆက်သွယ်ရေးကတော့ကောင်းပါတယ်
တစ်ချို့ကတ္တရာလမ်းမှာအခွက်လေးတွေရှိတာကလွဲလို့ပေါ့
အဆင်ပြေပါတယ် ခွက်ချိုင့်တက်မောင်းမိတော့လည်း မြောက်တက်သွားတာများ အညိမ့်စီးနေရတဲ့အတိုင်းပဲ
ပျော်ဖို့တောင်ကောင်းသေး အဟေး ~~
YOU ARE READING
𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)
Fanfiction𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 & 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧♡︎. (𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧) 𝚉𝚊𝚠𝚐𝚢𝚒 တွေ့တာနဲ့ရန်တကျက်ကျက်ဖြစ်နေကြတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာအရလက်ထပ်ဖို့အကြောင်းဖန်လာသောအခါ... 2ⁿᵈ 7 . 1 . 2020 (start) 5 . 8 . 2020 (end) 𝚄𝚗𝚒𝚌𝚘𝚍𝚎 တွေ့တာနဲ့ရန်...