Unicodeလက်ထပ်မင်္ဂလာပွဲ...
လက်ထပ်ပွဲကိုဘုရားကျောင်းအသေးလေးမှာပဲရိုးရိုးရှင်းရှင်းပြင်ဆင်ထားတယ် ဝူချန်းရဲ့စနစ်ကြောင့်လူအနည်းငယ်ကိုသာဖိတ်ကြားထားတယ်။ လောလောဆယ်တော့ဝူချန်းသူ့ရှေ့ကပန်းစည်းကိုကြည့်ပြီးဒေါသထွက်နေတယ်။
ငါကဘာ့ကြောင့်ပန်းစည်းကိုင်ရမှာလဲ သေတောင်မကိုင်ဘူး သူ့ကိုယူတာတောင်လွန်လှနေပြီ ပန်းစည်းပါကိုင်ရမယ်ဆိုတာကတော့... ငါ့ကိုဒေါသထွက်လွန်ပြီးသေစေချင်နေတာဖြစ်လောက်တယ်။
ဝူချန်းအရိပ်အကဲကြည့်နေတဲ့ရှင်းပိုင်ကဝူချန်းပန်းစည်းမကိုင်ချင်တာချက်ချင်းသိတယ် ဒါကြောင့်ခပ်တည်တည်နဲ့ပန်းစည်းကိုလက်လွှဲယူလိုက်တယ် သူ့ကိုမျက်လုံးအဝိုင်းသားနဲ့မော့ကြည့်လာတဲ့ဝူချန်းကိုလည်းပြုံးပြဖို့မမေ့ ဟိုဘက်ကတော့မျက်စောင်းကြီးပဲရလိုက်တယ်
ကိစ္စမရှိပါဘူး crushရဲ့မျက်စောင်းထိုးခံရတာတော်ရုံကံကောင်းမှုလား ဒါသူ့ကိုအထာတွေပေးနေတာပဲ ဟင်း ဟင်း
ဒီလိုနဲ့ပန်းစည်းကိုင်ရတဲ့လူဟာရှင်းပိုင်ဖြစ်သွားရတယ်
ဖာသာရဲ့အရှေ့မှာကတိကဝတ်ပြုပြီးကြတော့လက်ထပ်လက်စွပ်အပြန်အလှန်ဝတ်ပေးကြရတယ် ဝူချန်းဘယ်အချိန်စိတ်ဖောက်ပြီးထွက်ပြေးမလဲရင်တမမနဲ့ကြည့်နေရပေမယ့် တော်သေးသည်ကအခမ်းအနားပြီးတဲ့အထိဗရုတ်သုတ်ခတွေမတွေ့လိုက်ရပါပေ
ရှင်းပိုင်ရဲ့မျက်နှာကြီးကတော့တစ်လောကလုံးကိုအပိုင်ရသွားသလိုပဲရှောင်းကျန့်သူ့လက်ကိုလည်းပြန်ငုံ့ကြည့်မိတယ် သူ့ရဲ့ဘယ်ဘက်လက်သကြွယ်မှာတော့ဘာမှရှိမနေ
ငါတို့ကဒီအတိုင်းစာချုပ်မှာပဲလက်ထပ်ထားရသေးတာပဲ လက်ထပ်လက်စွပ်တောင်မရှိသေးဘူး လို့တွေးမိတော့နည်းနည်းတော့ဝမ်းနည်းသွားတယ်လို့ထင်လား အဲ့လူကြီးကိုစိတ်တိုသွားတာ
တွေ့မယ် ကပ်စည်းနည်းကြီးလက်စွပ်လေးတစ်ကွင်းတောင်လုပ်မပေးချင်ဘူး အဲ့လက်မောင်းကြီးကိုဆွဲပြီးကိုက်ပစ်ချင်လိုက်တာ ပြောရင်းသွားတောင်ယားလာသလိုပဲ သေနာကြီး ညစာလုံးဝမကျွေးဘူးမှတ် ဟင်း ဟင်း
![](https://img.wattpad.com/cover/210836995-288-k195585.jpg)
YOU ARE READING
𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)
Fanfiction𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 & 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧♡︎. (𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧) 𝚉𝚊𝚠𝚐𝚢𝚒 တွေ့တာနဲ့ရန်တကျက်ကျက်ဖြစ်နေကြတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာအရလက်ထပ်ဖို့အကြောင်းဖန်လာသောအခါ... 2ⁿᵈ 7 . 1 . 2020 (start) 5 . 8 . 2020 (end) 𝚄𝚗𝚒𝚌𝚘𝚍𝚎 တွေ့တာနဲ့ရန်...