Zawgyi
ဆေးထိုးထားပေမယ့် လေစိမ်းမိသွားတာကတစ်ကြောင်း ရေမချိုးပါနဲ့လို့ပြောထားတာကို
ဆေးခန်းခဏပြန်တုန်းလေးရေချိုးကာခေါင်းပါလျှော်လိုက်သေးတဲ့ မောင်သန့်ရှင်းကြီးက ခေါင်းကိုရေခြောက်အောင်မသုတ်ဘဲ ဒီအတိုင်းနေခဲ့တာကတစ်ကြောင်းကြောင့်ညရောက်တော့ဖျားပါတော့တယ်ရှောင်းကျန့်မှာတော့ ရိပေါ်ကိုယ်တွေအရမ်းပူလာတည်းက ရေပတ်တိုက်ပေးနေရတာ အခုထိလက်ကိုမလည်နိုင်သေးဘူး
ဝမ်အမေဟာလည်း ရိပေါ်ဖျားနေတော့အငြိမ်မနေနိုင် ရှောင်းကျန့်တို့အခန်းထဲမှာ တောင်ပြေးလိုက်မြောက်ပြေးလိုက်နဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတယ်
နောက်တော့မနေနိုင်တဲ့ ၀မ်အဖေကပဲပြောရတော့တယ်
"မိန်းမရယ် မင့်းသားက ရိုးရိုးဖျားနေတာပါဟ
မသိရင်သမီးက ဖွားခန်းထဲဝင်နေရလို့အပြင်ကစောင့်နေရတဲ့အတိုင်းပဲ ငြိမ်ငြိမ်နေစမ်းပါ ဖျားနေတဲ့သူကို မျက်စိနောက်ပြီးမူးသွားအုံးမယ်..."ငင့် အဖေကလည်းဥပမာကြီးကိုဘယ်လိုတောင်ပေးချလိုက်တာလဲ သားကမွေးစရာလား မွေးမယ့်မွေးအဖေ့သမက်ကပဲမွေးမှာပေါ့
ရိပေါ်မျက်နာကြီးက မီးဖုတ်ခံထားရတဲ့ခရမ်းသီးလိုပဲ ရှုံ့တွတြွဖစ်နေသလောက်
ရှောင်းကျန့်ကတော့ ၀မ်အဖေရဲ့ဥပမာပေးကောင်းမှုကို ရေပတ်တိုက်နေရင်းတစ်ဖက်ကိုမျက်နာလှည့်ကာခိုးရယ်နေတယ်ထိုအခါမှ ၀မ်အမေက၀မ်အဖေနားကပ်ကာရက်လိုက်ပြီး
"၀မ်လေးကတစ်ခါမှဖျားဖူးတာမဟုတ်ဘူး အခုလိုကြီးထဖျားတော့ စိတ်ပူလို့ပါတော်"
"ရပါတယ် အမေရယ် သားသက်သာနေပါပြီ"
ရိပေါ်ကအိပ်ယာထက်က ဖျော့တော့စွာပြောတော့ ရှောင်ကျန့်ကလည်း
"ဟုတ်ပါတယ် မေမေရယ် အဖျားကလည်းအရမ်းမကြီးတော့ပါဘူး သားပဲဂရုစိုက်လိုက်ပါ့မယ် ညဥ့်လည်းနက်နေပြီ မေမေတို့ပြန်အိပ်ချင်အိပ်ကြတော့လေ"
YOU ARE READING
𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)
Fanfiction𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 & 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧♡︎. (𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧) 𝚉𝚊𝚠𝚐𝚢𝚒 တွေ့တာနဲ့ရန်တကျက်ကျက်ဖြစ်နေကြတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာအရလက်ထပ်ဖို့အကြောင်းဖန်လာသောအခါ... 2ⁿᵈ 7 . 1 . 2020 (start) 5 . 8 . 2020 (end) 𝚄𝚗𝚒𝚌𝚘𝚍𝚎 တွေ့တာနဲ့ရန်...