Zawgyi
တောထဲမှာယုန်လေးတစ်ကောင်ဟာ လမ်းပျောက်နေခဲ့တယ် သူနေထိုင်ရာအရပ်ရဲ့ဆန့်ကျင်ဘက်ကိုရောက်နေတာကိုသူသိပေမယ့်
မိမိနေရာကိုမပြန်တတ်ဘဲ ခုန်ဆွခုန်ဆွနဲ့ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်နေတယ်အဲ့အချိန်မှာ ခြုံပုတ်တစ်ခုထဲမှ ထွက်လာသောမြေခွေးတစ်ကောင်
မြေခွေးဟာယုန်လေးကိုစားဖို့အနားကိုကပ်လာခဲ့တယ်
ယုန်လေးမှာတော့ ကြောက်လွန်းလို့ နေစရာမရှိအောင်ပင်ဖြစ်နေလေသည်မြေခွေးကြီးဟာယုန်လေးနားကိုရောက်လာပြီးခုန်အုပ်တော့မယ့်အချိန်မှာပဲ ယုန်လေးရဲ့အနောက်ကိုကြည့်ကာ အလန့်တကြားပြေးပါတော့တယ်
ယုန်လေးကလည်းသူ့နောက်ကအရာကဘာလဲသိချင်လို့လှည့်ကြည့်လိုက်ချိန်မှာတော့ လူသားတစ်ယောက်ရဲ့ကောက်ချီခြင်းကိုခံလိုက်ရတယ်
အင်းး ဒီလူသားကိုယ်ကနွေးနေတာပဲ
ပြီးတော့ ကြောက်စိတ်တွေတောင်ပျောက်ပြယ်စေပါလားယုန်လေးဟာ လူသားရဲ့ရင်ခွင်ထဲကိုပိုပိုပြီးသာတိုးနေလိုက်တယ်
ဒီလူသားရဲ့ရင်ခွင်ကအတော်လေးကိုနွေးထွေးတယ်ထိုလူသားကလည်း ယုန်လေးရဲ့ခေါင်းကိုပုတ်ပေးနေခဲ့တယ်
အား>အား>အား>>>>>>(ကျီးအော်သံ)
အေးအေးချမ်းချမ်းနဲ့သာယာနေတဲ့မနက်ခင်းလေးကို ဖြိုခွဲလိုက်တာကတော့ ကျီးအော်သံကြီး
ရှောင်ကျန့်မက်နေတဲ့အိပ်မက်တောင်ဘယ်ဆီရောက်သွားမှန်းမသိတော့ဘူး
ဘေးကခေါင်းအုံးကိုယူပြီး နားကိုအုပ်လိုက်တယ်
ဒါပေမယ့် သောက်လိုက်ကန်းဆိုးမသိတဲ့ကျီးစုတ်ကထပ်အော်ပြန်တယ်ဒီတစ်ခါအော်သံကတော်တော်ကျယ်တာပဲ
ပြီးမှ ဒင်းနေတဲ့အပင်ကို ဟိုလူကြီးကိုလှဲခိုင်းရမယ် အော်ထားအုံးပေါ့"ရှောင်ကျန့်! ရှောင်ကျန့်!"
ဒါပေမယ့် အသံကပိုပိုကျယ်လာတယ် သေချာနားထောင်ကြည့်လိုက်တော့

YOU ARE READING
𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)
Hayran Kurgu𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 & 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧♡︎. (𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧) 𝚉𝚊𝚠𝚐𝚢𝚒 တွေ့တာနဲ့ရန်တကျက်ကျက်ဖြစ်နေကြတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာအရလက်ထပ်ဖို့အကြောင်းဖန်လာသောအခါ... 2ⁿᵈ 7 . 1 . 2020 (start) 5 . 8 . 2020 (end) 𝚄𝚗𝚒𝚌𝚘𝚍𝚎 တွေ့တာနဲ့ရန်...