Zawgyi
ရိပေါ်တို့အိမ်ကိုရောက်တော့ ၀မ်အမေကစီးကြိုပြီးထမင်းစားခန်းထဲကိုစကားတပြောပြောနဲ့ခေါ်သွားတယ်။
ရိပေါ်တို့အိမ်ကအကြီးကြီးကိုမှ နှစ်ထပ်တိုက်ရိုးရိုးလေးဆောက်ထားတယ်။
ခြံထဲမှာဆိုလည်း အဖိုးအိမ်လိုမျိုးပဲသစ်ပင်တွေအများကြီးပဲ ဒါပေမယ့်ခြံကတော့အဖိုးခြံလောက်မကျယ်ဘူး
မကျယ်ဆိုအဖိုးကခြံထဲမှာပဲ သီးနံတွေလည်းစိုက်တယ် ကြက်လည်းမွေးတယ် ၀က်လည်းမွေးထားသေးတယ်လေဒီဝမ်အိမ်ကသီးပင်စားပင်မှမစိုက်ဘဲ
ပြီးတော့ဘာအကောင်မလည်းမမြင်ဘူး
အဲ့တော့အဖိုးခြံလောက်ဘယ်ကျယ်ပါ့မလဲအိမ်ထဲရောက်တော့မြို့သားလေးရှောင်ကျန့် မျက်လုံးပြူးသွားရတယ်။
ဝင်ပေါက်ရဲ့ဘယ်ဘက်မှာဧည့်ခန်းရှိပြီး
ထိုင်ခုံနဲ့စားပွဲတို့ဟာကျွန်းသားစစ်စစ်တွေချည်းပဲအိမ်တွင်းအပြင်အဆင်က ကြီးကျယ်နေရောပဲ
အပေါ်ထပ်ကိုတက်တဲ့လှေကားရဲ့ညာဘက်အခန်းကိုခေါ်လာတော့ထမင်းစားခန်းထင်ပါ့
ထမင်းစားခန်းကြီးဟာအောက်ခြေကိုကြွေပားတွေခင်းထားတာကြောင့်ပြောင်လက်နေတာပဲ မှန်တောင်ကြည့်လို့ရတယ်။
"ရှောင်လေးလာမှာကြောင့် အဒေါ်ကဟင်းကောင်းတွေချည်းချက်ထားတာ
စားနော် ရှောင်လေးအားမနာနဲ့ကိုယ့်အိမ်လိုပဲသဘောထား""အစားနဲ့ပတ်သက်ရင်တော့ကျွန်တော်ကအားမနာဘူးသိလား အဟီး"
သွားဖြူတန်းလေးတွေပေါ်အောင်ပြုံးရယ်ပြနေတဲ့ရှောင်ကျန့်ကချစ်စရာလေးမို့ မားမားဝမ်ဟာမနေနိုင်စွာပါးလေးကိုဖျစ်လိုက်မိတယ်။
"ဒီလူနဲ့ဒီလူအားနာစရာမှမဟုတ်ဘဲ
ဘိုးရဲ့မြေးဆိုတော့ အဒေါ်တို့သားလိုပဲပေါ့"ရိပေါ်ကဘေးကနေငြိမ်ငြိမ်လေးနားထောင်နေတယ်
အချိန်တိုလေးအတွင်းမှာ ဘယ်လိုတွေတောင်ရင်းနှီးသွားပါလိမ့်
ဒီကောင်လေးအပေါင်းအသင်းတော့တော်သားပဲ ငါကလွဲလို့

YOU ARE READING
𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)
Fanfiction𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 & 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧♡︎. (𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧) 𝚉𝚊𝚠𝚐𝚢𝚒 တွေ့တာနဲ့ရန်တကျက်ကျက်ဖြစ်နေကြတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာအရလက်ထပ်ဖို့အကြောင်းဖန်လာသောအခါ... 2ⁿᵈ 7 . 1 . 2020 (start) 5 . 8 . 2020 (end) 𝚄𝚗𝚒𝚌𝚘𝚍𝚎 တွေ့တာနဲ့ရန်...